ကုမ္ပဏီဝန်ထမ်းများအတွက် Certificate In Business Law ဘာသာရပ်ကို ရုံးချိန်လွတ်ဖွင့်လှစ်မည်
ရုံးဝန်ထမ်းများအတွက် ရုံးချိန်လွတ် ညနေအတန်းဖြစ်သော Certificate in Business Law သင်တန်းကို စက်တင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း River Samon Institute of Management (RSIM) မှသိရသည်။ Business Law ဘာသာရပ်တွင် အဓိကသင်ကြားပေးမည့်ဘာသာရပ်များမှာ Social Security Law (လူမှုဖူလုံရေးဥပဒေ)၊ Labor and Employment Law (အလုပ်ရှင် အလုပ်သမားဥပဒေ)၊ Law of Contract (စာချုပ်စာတမ်းဆိုင်ရာဥပဒေ)၊ Commercial Tax Law (အခွန်ဥပဒေ)၊ Minimum Wages Law (လုပ်ခလစာ အနည်းဆုံးဥပဒေ)၊ The Compaines Registration Act (Law) (ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ)၊ Law of Insurance, Sales of Goods Act, Carriage of Goods by Sea Act, By Air Act, Myanmar Citizen Investment Law (မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပုံစံ/ဥပဒေ)၊ Foreign Investment Law (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ)၊ Foreign Trade Law( နိုင်ငံခြားကုန်သွယ်မှုဥပဒေ)၊ The Myanmar Special Economic Zone Law (မြန်မာ့စီးပွားရေးဇုန်ဥပဒေ) စသည့် ဘာသာရပ်များဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံအုပ်ချုပ်သူဒါရိုက်တာများနှင့် မန်နေဂျာများအတွက် စီးပွားရေး လုပ်ငန်းဆိုင်ရာဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ဥပဒေများ၊ စာချုပ်စာတမ်းရေးသားချုပ်ဆိုခြင်းဆိုင်ရာဥပဒေများ၊ အရောင်းအဝယ်သဘောတူညီချက် စာချုပ်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ရေးနည်းများ၊ ကုမ္ပဏီဥပဒေ၊ အခွန်ဥပဒေ၊ အာမခံ ဥပဒေ၊ ကုန်အမှတ်တံဆိပ်စက်မှုဒီဇိုင်း၊ မူပိုင်ခွင့်ဥပဒေ အလုပ်ရှင်အလုပ်သမားဆိုင်ရာ နည်းဥပဒေ၊ နည်းဥပဒေ၊ အလုပ်ရှင်အလုပ်သမားဆိုင်ရာဥပဒေ စသည်ဖြင့်စီးပွားရေးဆိုင်ရာ မသိမဖြစ်သိထားသင့် သောဥပဒေများကို လွယ်ကူစွာရှင်းလင်းရအောင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသင်တန်းကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းခွင်အတွေ့အကြုံရှိ MBA မဟာဘွဲ့ရ ဝါရင့်ဆရာ များမှ ပို့ချပေးမည်ဖြစ်သောကြောင့် သီအိုရီပိုင်းသာမက၊ လက်တွေပိုင်းပို့ချမှုများဖြင့် အသေးစိတ် နည်းစနစ်တကျသင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ စက်တင်ဘာလတန်းခွဲအတွက်လူဦးရေကန့်သတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် RSIM ဆက်သွယ်၍ကြိုတင် စာရင်းပေးသွင်း နိုင်သည်။
Contact: ၀၉-၇၃၀၉၄၀၆၀ နှင့် ၀၉-၄၂၀၇၂၅၅၆၆