မြန်မာနိုင်ငံတွင်ပထမဦးဆုံး Kotler(ကော့လာ) Business Program ကိုအွန်လိုင်းမှ သင်ယူနိုင်တော့မည်

မြန်မာနိုင်ငံတွင်ပထမဦးဆုံး Kotler(ကော့လာ) Business Program ကိုအွန်လိုင်းမှ သင်ယူနိုင်တော့မည်

          မြန်မာနိုင်ငံမှာ ဈေးကွက်ကျွမ်းကျင်သူတွေမွေးထုတ်ပေးနိုင်ရန်အတွက် ပထမဆုံး Kotler Business Program ကိုအွန်လိုင်းမှသင်ယူနိုင်ရန်HUB Myanmar Co, Ltd နှင့် Kotler Impact တို့သဘောတူ လက်မှတ် စာချွန်လွှာကို ဖေဖော်ဝါရီ၁၉ ရက်နေ့က Mandalay Hill Resort Hotel တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိ ရသည်။

          မြန်မာနိုင်ငံမှ Kotler BusinessProgram ကိုလာမည့် ဧပြီလ ၁ ရက်မှစတင်ကာ အွန်လိုင်းမှတစ်ဆင့် နိုင်ငံပေါင်း ၄၀ နဲ့တပြိုင်တည်းလေ့လာသင်ယူနိုင်ပြီဖြစ်ပြီး နိုင်ငံ ၁၈ နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

          "မြန်မာပြည်ကပြောင်းလဲတိုးတက်လာတာနဲ့ Professional ရှားပါးမှု ပြဿနာတွေရှိလာတာကို တွေ့ရ တယ်။ အဲ့ဒါကြောင့်ဒီမှာရှိတဲ့သူတွေကို တိုးတက်စေချင်တယ်။ Marketing နဲ့ပတ်သက်တာ၊ စီးပွားရေးနဲ့ပတ် သက်တာတွေကိုပိုပြီးတော့အသိပညာတွေကို မျှဝေပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်"ဟု HUB Myanmar Co, Ltd မှ CEO ဒေါက်တာဟိန်းသူက ပြောကြားခဲ့သည်။

          Kotler Business Programသည် အွန်လိုင်းတွင်သင်ယူရသည့်Learning Program ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့အပြင် အခြားမည်သည့်မြို့မဆို သင်ယူနိုင်သောအစီအစဉ်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ကျွမ်းကျင်သူများ ရှားပါးသောပြဿနာကိုပြေလည်စေရန်နှင့် နိုင်ငံတကာအဆင့်မီကျွမ်းကျင်သူများ မွေးထုတ်ပေးရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းကို စီစဉ်သော HUB Myanm -ar Co,Ltd အနေဖြင့် နိုင်ငံတကာအဆင့်မှီ စီးပွားရေးဆိုင်ရာသင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။Myanmar Marketing Forum 2016 နှင့် Kotler Business Program တို့ကိုအသေး စိတ်သိရှိလိုပါက ဖုန်း ၀၉-၄၂၀၀၃၃၃၅၅၊ ၀၉-၇၃၀၄၅၁၄၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။