ရန်ကုန်တိုင်းဒေသကြီးမှ ယခုနှစ် အဌမတန်းဖြေဆိုသူ၉၇.၇၃%နှင့် စတုတ္ထတန်းဖြေဆိုသူ ၉၇.၆၈% ရှိခဲ့

ရန်ကုန်တိုင်းဒေသကြီးမှ ယခုနှစ် အဌမတန်းဖြေဆိုသူ၉၇.၇၃%နှင့် စတုတ္ထတန်းဖြေဆိုသူ ၉၇.၆၈% ရှိခဲ့

          ရန်ကုန်တိုင်းဒသကြီးမှယခုနှစ် အဌမတန်းဖြေဆိုသူ ၉၇.၇၃%နှင့် စတုတ္ထတန်းဖြေဆိုသူ ၉၇.၆၈% ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

          ဖေဖော်ဝါရီလအတွင်းအခန်းဆုံးစစ်ဆေးသော စာမေးပွဲကြီးတွင် အဌမတန်းစာစစ်ဌာန ၃၂၇ ခုဖွင့်လှစ်ကာ စာရင်းရှိကျောင်းသူ၊ကျောင်းသား ၈၅၅၁၂ ဦးဖြစ်ပြီး၊ မြန်မာစာနေ့တွင်ဖြေဆိုသူ ၈၃၅၇၂ ဦးဖြစ် ကြောင်း သိရသည်။

          အလားတူခရိုင်စစ်စတုတ္ထတန်းဖြေဆိုသူ စာရင်းရှိ ၁၀၆၀၂၅ ဦးရှိခဲ့ပြီး၊ ဖြေဆိုသူ ၁၀၃၇၈၇ ဦး မြန်မာစာနေ့တွင်လာရောက်ဖြေဆိုခဲ့ကြသည်။

          “ဆေးရုံမှာလည်းဖြေဆိုရအောင်စာစစ်ဌာနဖွင့်ပေးထာတယ်။ ဆယ်တန်းလိုပါပဲ၊ သူ့သက်ဆိုင်ရာ မြို့နယ်အလိုက်ပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောသည်။

          ၂၀၁၆ ဖေဖော်ဝါရီလ အဌမတန်းစာမေးပွဲများတွင်အောင်ချက်ရန်ကုန်တိုင်းဒေသကြီးမှ ၄၁% ရှိခဲ့ပြီး၊ စတုတ္ထတန်းအောင်ချက် ၆၆% ရှိခဲ့ကာ ကုစားပြန်လည်ဖြေဆိုရန်ကျောင်းသားပေါင်း ၉၀၀၀၀ ခန့်ရှိ