Submitted on 2015-08-25

မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်းမှ CCNA သင်တန်း အမှတ်စဉ် ၂ ဖွင့်လှစ်မည်

မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမ CCNA သင်တန်းအမှတ်စဉ် (၂) အား သြဂုတ်လ ၃၁ ရက်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ MCPA Cisco Lab အသုံးပြုကာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဟုသိရသည်။ ပြည်တွင်းပြည်ပတွင် အတွေ့အကြုံများစွာရှိသော MCPA Ec များကိုယ်တိုင် သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းချိန်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နံနက် ၇ နာရီမှ ၈ နာရီခွဲအတွင်းဖြစ်ပြီး သင်တန်းကာလမှာ ၃လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ Networking ပညာရပ်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပြိး သင်တန်းကြေးမှာ (၂၀၀၀၀၀)ကျပ်ဖြစ်ကြောင်းသိရသည်။ MCPA Member များအနေဖြင့် သင်တန်း ကြေး (၁၈၀၀၀၀) ကျပ်ဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူ များအနေဖြင့် MCPA Mandalay ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Contact: ၀၂ - ၆၉၃၁၃