Submitted on 2015-08-21

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေး ပရဟိတအဖြစ် မိုဘိုင်းဖုန် ပြုပြင် နည်းသင်တန်း အခမဲ့သင်ကြားပေးမည်

Win-Win တန်ဖိုးနည်းမိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်းမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေး ပရဟိတအစီအစဉ်အနေဖြင့် အခြေခံပညာအ လယ်တန်းနှင့် အထက်တန်းရှိ လူငယ်လူရွယ် ကျား၊မ မရွေးကို ပညာဒါနဖြင့် အခမဲ့သင်ကြားပေး မည်ဖြစ်ကြောင်းသိရသည်။ ပညာဒါနဖြင့် အခမဲ့သင်ကြားပေးခြင်းအစီအစဉ်တွင် လူဦးရေ၁၀၀အထိ သင်ကြားပေးမည်ဖြစ် ကြောင်းသိရသည်။ သင်တန်းတွင်မိုဘိုင်းနှင့် ပတ်သက်သည့်ဆော့ဖ်ဝဲသင်ခန်းစာများ၊ Android OS ဖုန်းများနှင့်ပတ်သက်သည့် သင်ခန်းစာများ၊ Apple (iOS) ဖုန်းများနှင့်ပတ်သက်သည့်သင်ခန်းစာများ၊ မိုဘိုင်းဖုန်းပြုပြင်သူတစ်ယောက် မဖြစ်မနေသိရှိရမည့် အခြေခံလိုအပ်ချက်များနှင့် သင်ခန်းစာများကို ကျွမ်းကျင်သောပညာရှင်များကိုယ်တိုင် အသေးစိတ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်း၏၀န်ဆောင်မှုများအနေဖြင့် နေစရာတိုက်ခန်းစီစဉ်ပေးခြင်း၊ တစ်ဦးလျှင် Laptop တစ်လုံးစီ၊ စက်ပြင်ပစ္စည်းတစ်စုံစီဖြင့်သင်ကြားပေးခြင်း၊ Air Com, Internet Line များပါဝင်သောအ ဆင့်မီ သင်တန်းခန်းမတွင် သင်ကြားပေးခြင်း၊ သင်တန်းသား၊ သူများအတွက် နည်းပညာသစ်များကို Lifetime ပံ့ပိုးမှုပေးခြင်း၊ သင်တန်း Service Centre တွင် စက်ပြုပြင်ရေးပစ္စည်း များကို အခမဲ့သုံး စွဲခွင့်၊ သင်တန်းပြီးဆုံးပြီးနောက် လုပ်ငန်းခွင်ဝင်ရန်စီစဉ်ပေးခြင်း၊ ဆိုင်ဖွင့်လှစ်လို သူများအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့ရရှိမည် ဖြစ်ကြောင်းသိရ သည်။ အသေးစိတ်ကို လှည်းတန်းစင်တာ အမှတ် (၁၅၊၁၇)၊ Bang Bang တိုက်(၇) လွှာ၊ ဘီ၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့၊သို့ဆက်သွယ်စုံစမ်းနိုင်သည်။

Contact: ၀၉-၃၂၂၂၇၀၀၀၊ ၀၉-၉၇၆၂၈၉၈၈၈