Developing POS and Accounting System သင်တန်းဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှကြီးမှုး၍ Developing POS and Accounting System သင်တန်းကို အောက်တိုဘာလ ၃ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ Business Application Software Developer များ၊ နည်းပညာလုပ်ငန်းရှင်များ၊ Software Developer နည်းပညာရပ်များကို စိတ်ဝင်စားသူများတက်ရောက် သင့်သောသင်တန်းဖြစ်ပြီး အရောင်းအ၀ယ်နှင့် ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင်မရှိမဖြစ် အသုံးတွင်ကျယ်လာမည့် POS and Accounting System တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ်ဖန် တီးရောင်းချနိုင်သည်အထိ လက်တွေ့ပြုလုပ်သင်ကြားရမည်ဖြစ်ကြောင်းသိရသည်။ အခြေခံလိုအပ်ချက်အနေဖြင့် C#.Net (Programming Skill),Micro SQL Server (Database Skill) စသည်တို့ကို အခြေခံသိရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းအချိန်ကို ညနေ၄နာရီခွဲမှ ညနေ၆နာရီခွဲအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းသားအရေအတွက် ကန့်သတ်ထားမည်ဖြစ်ပြီး MCPA အသင်းဝင်များ ကို သင်တန်းကြေး ၅၀%ခံစားခွင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အောက်တိုဘာ ၃ရက်၊ မွန်းလွဲ ၂နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင် မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံးချုပ်၊ အဆောင်၉၊မြေညီ ထပ်၊ ဖုန်း ၀၁ - ၆၅၂၂၇၆၊ ၀၉ - ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
Contact: ၀၁ - ၆၅၂၂၇၆၊ ၀၉ - ၇၃၀၈၈၃၀၀