CeameoChat အင်္ဂလိပ်စာသင်တန်းအတွက် ၀င်ခွင့်ထပ်မံခေါ်ယူ

CeameoChat အင်္ဂလိပ်စာသင်တန်းအတွက် ၀င်ခွင့်ထပ်မံခေါ်ယူ

          အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဒလေ့ဌာနမှ Chat Comm- unication in English Language Course, Basic Level(1/2016) သင်တန်းဝင်ခွင့်များထပ်မံခေါ်ယူ မည်ဖြစ်ကြောင်း သိရသည်။

          သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာလ၁ ရက်တွင် Ceameo Chat Facebook မှတစ်ဆင့် သင်တန်းဝင်ခွင့်ပုံစံကို Download ရယူကာဖြည့်စွက်ပြီးForm တွင်ခေါ်ပြထားသော အီးမေးလ်သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

          သင်တန်းသို့ အနိမ့်ဆုံးအခြေခံပညာအထက်တန်းအောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ပြီးChat Comm- unication in English Course ၀င်ခွင့်စာမေးပွဲအောင်မြင်ထားသူများ တက်ရောက်နိုင်မည်ဖြစ်သည်။

          သင်တန်းအား ပြည်လမ်းရှိ ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဒလေ့ဌာနတွင် တက်ရောက်ရမည်ဖြစ် ပြီး ၀င်ခွင့်စာမေးပွဲဖြေဆိုခွင့်ရသူများအားဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်အချိန်၊ နေ့ရက်နှင့် နေရာတို့ကို Ceameo Chat Facebookတွင်ဖော်ပြပေးသွားမည်ဖြစ်သည်။