နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)တွင်လုပ်ငန်းခွင်သုံးဘာသာစကားသင်တန်းဖွင့်ရန်စီစဉ်


          နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)တွင် လုပ်ငန်းခွင်သုံးနိုင်ငံခြားဘာသာစကားညနေပိုင်းသင်တန်း များကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းပါမောက္ခချုပ်ဒေါက်တာ လွင်လွင်စိုးကပြောသည်။

          “ဥပမာ လုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ပြင်သစ်ဘာသာစကားလိုမျိုးဖွင့် မယ်။ အခုဆိုရင် ပြင်သစ်ဘာသာစကားအတွက် သင်ရိုးတွေဆွဲထားပြီးပြီ။ကျောင်းသားတွကို ခေါ်ဖို့ပဲရှိတော့ တယ်။ အဲဒီသင်တန်းကျတာ့ အခြေခံရှိပြီးသားကို ပိုပြီးတော့လိုအပ်သူတွေအတွက်သင်တန်းတွေဖွင့်ဖို့ရှိမယ်” ဟု နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာလွင်လွင်စိုးကပြောသည်။

          နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်မှုအစီမစဉ်အရ ဖွင့်လှစ် မည့် အဆိုပါလုပ်ငန်းခွင်သုံး နိုင်ငံခြားဘာသာစကားသင်တန်းကို သင်ဆိုင်ရာဘာသာစကားတွင်ကျွမ်းကျင်သူ များ၊ အနည်းငယ်ကျွမ်းကျင်ပြီး လုပ်ငန်းခွင်ဝင်ချင်သူများတက်ရောက်နိုင်ကြောင်း၎င်းကဆက်လက်ပြောကြား သည်။

          အဆိုပါသင်တန်းကို ညနေပိုင်းသင်တန်းအဖြစ်ညနေ ၅း၃၀ မှ ၇း၀၀ နာရီအထိ တစ်ပတ်လျှင် ၃ ရက် သင်ကြားမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင်သင်တန်းသား ၂၀ ဦးခန့်လက်ခံသင်ကြားမည်ဖြစ်ကြောင်းသိရသည်။

          သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)တွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာရပ် များသင်ကြားပေးလျက်ရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၌ကျောင်းသူ၊ ကျောင်းသား ၃၀၀၀ခန့် တက်ရောက် သင်ကြားလျက်ရှိသည်။