တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများန၀မတန်းအောင်မြင်မှု ရှိ၊ မရှိစစ်ဆေးရန် စာစစ်ဦးစီးညွှန်ကြားထား


          ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများန၀မတန်းအောင်မြင်မှု ရှိ၊ မရှိစစ်ဆေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကညွှန်ကြားထားသည်။

          ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေးပွဲတွင် န၀မတန်းအောင်မြင်ခြင်းမရှိသောကျောင်းသား၊ ကျောင်း သူများကို သက်ဆိုင်ရာကျောင်းများသို့ စစ်ဆေးမေးမြန်းခြင်းမရှိဘဲကျောင်းအုပ်ကြီးများမှ တက္ကသိုလ်ဝင်စာ မေးပွဲ ၀င်ခွင့်လျှောက်လွှာများ တင်သွင်းခဲ့သဖြင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ပြန်လည်စစ်ဆေးခဲ့သည့်အခါမှ သာ န၀မတန်းအောင်မြင်ခြင်းမရှိကြောင်းသိရ၍ စာမေးပွဲဖြေဆိုပြီးမှ ပယ်ဖျက်အရေးယူဆောင်ရွက်ခဲ့ရမှုများ ရှိခဲ့ခြင်းကြောင့်ယခုကဲ့သို့ ညွှန်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

          “၁၀တန်းဖြေတာ ၉တန်းအာင်မှ ဖြေခွင့်ရမယ်ဆိုတာကတော့အားလုံးအသိပါပဲ။ ဒါပေမဲ့ ၉တန်းအောင် မြင်ခဲ့ကြောင်းကိုတော့ ၀င်ခွင့်လျှောက်လွှာတင်ရင်တိတိကျကျတင်ပြဖို့လိုတယ်။ မသမာမှုတွေရှိနိုင်တာကြောင့် လျှောက်လွှာတင်တဲ့ကျောင်းက ကျောင်းသားရဲ့၉တန်းအောင်၊မအောင်ကို သူအောင်ခဲ့တယ်ဆိုတဲ့ကျောင်းမှာ ကျောင်းထွက်လက်မှတ် ပြန်တောင်းပြီး မှန်ကန်အောင်စစ်ဆေးရမယ်။ပြင်ပဖြေကနေ ၉တန်းအောင်ခဲ့တယ်ဆို ရင် မြို့နယ်ပညာရေးမှုးရုံးတွေမှာ တောင်းခံချက်ယူရမယ်”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှုးတစ်ဦးက ပြောသည်။

          မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းသူများ၏ န၀မတန်းအောင်မြင်မှု ရှိ၊ မရှိကို သက်ဆိုင်ရာကျောင်းများသို့ပြန်လည်တောင်းယူလေ့ရှိပြီး ကန့်သတ်ချိန်အ တွင်း ထောက်ခံချက်မရောက်ရှိပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်မပြုကြောင်း ယင်းကဆက်လက်ပြောကြား သည်။

          စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင်တင်သွင်းသူသည် နန၀မတန်းအောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှတာဝန်ယူလျက် ၀င်ခွင့်လျှောက်လွှာများတွင် ထောက်ခံလက်မှတ်ရေး ထိုး၍လည်းကောင်း၊ အထက်တန်းအဆင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် မြို့နယ်ပညာရေးမှုးက တာဝန်ယူလက်မှတ်ရေးထိုး၍လည်းကောင်းတင်သွင်းရမည်ဖြစ်ပြီး စာစစ်ဦးစီးမှစစ်ဆေး၍ မှန်ကန်မှုမရှိ ကြောင်းစစ်ဆေးတွေ့ရှိပါကထိရောက်စွာအရေးယူသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အောက်တိုဘာ ၁ ရက်နေ့တွင် ညွှန်ကြားထားသည်ဟုသိရသည်။