အားကစားပညာဘာသာရပ်ဂုဏ်ထူးတန်းကို လာမည့်ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ် မည်
အားကစားပညာဘာသာရပ် ဂုဏ်ထူးတန်းကို လာမည့်၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တိုးချဲ့ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၇.၁၀.၂၀၁၅ သိရသည်။
ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင်ဖွင့်လှစ်လျှက်ရှိသော အားကစားပညာဘာသာရပ်တွင် တက်ရောက်နေ့သည့် ကျောင်းသား ကျောင်းသူများအနက်ဒုတိယနှစ်ပြီးဆုံးပြီး ဂုဏ်ထူးတန်းတက်ရောက်ရန် အရည်အချင်းမီသူများအနေဖြင့် အသစ်ဖွင့်လှစ်မည့်ဂုဏ်ထူးတန်းတက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရ သည်။
"အားကစားပညာပထမအသုတ်က ကလေးတွေက အခုနှစ်မှာ ဒုတိယနှစ်ပြီးသွားပြီ။ ဒီဘာသာရပ်က ကလေးတွေကို အားကစားတက္ကသိုလ်၊အခြေခံပညာကျောင်းတွေမှာ သင်ကြားရေးဆရာတွေအဖြစ် ပြန်ခန့်ဖို့ ရှိနေတော့ သင်ကြားရေးဆရာဖြစ်နိုင်မယ့်သူတွေ၊အရည်အသွေးရှိသူတွေကို ဂုဏ်ထူးတန်းတိုးချဲ့ဖွင့်လှစ်ပြီး ပျိုးထောင်ပေးမှာပါ" ဟုအားကစားနှင့် ကာယပညာသိပ္ပ္ပံ(ရန်ကုန်) မှ အားကစားပညာဘာသာရပ် တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နွယ်နွယ်မြင့်က ဆိုသည်။
ဂုဏ်ထူးတန်းတိုးချဲ့ဖွင့်လှစ်ရန်အတွက် သင်ရိုးညွှန်တမ်း၊ သင်ကြားနည်းစနစ်များ အဆင်သင့် ပြင် ဆင်ထားပြီးအားကစားဝန်ကြီးဌာနမှ အားကစားနည်းပြများ၊ နိုင်ငံတကာအားကစားနည်းပြများ၊ ဒဂုံ တက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ သင်ကြားရေး ဆရာ ဆရာမများက ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အားကစားပညာဘာသာရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူ၁၀၀ ဦးကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် လက်ခံသင် ကြားပေးနေကြောင်း၊ သင်တန်းကာလ၄နှစ်ပြီးဆုံးပါကသိပ္ပ္ပ္ပံဘွဲ့ (အားကစား) B.Sc(Sport) ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်းသိရသည်။
အားကစားပညာဘာသာရပ်တွင် အမျိုးသားနှင့်အမျိုးသမီးဦးရေ ၆၀ အချိုး ၄၀ နှုန်းဖြင့် လက်ခံသွား မည်ဖြစ်ပြီး၊ အားကစားနည်းတစ်ခုခုတွင်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၌ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်သို့မဟုတ် မြို့နယ်အဆင့် လက်ရွေးစင်ဖြစ်သူ၊ ခရိုင်၊ မြို့နယ်အဆင့် ရွေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိသူများကို ဦးစားပေးရွေးချယ်သည်။