၂၀၁၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာများအောက်တိုဘာလ ကုန် အပြီးတင်သွင်းရမည်


       ၂၀၁၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာများကိုအောက်တိုဘာလ ၃၁ ရက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီဌာနက ထုတ်ပြန်ကြေညာထားသည်။

          အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် ကျောင်းအုပ်ကြီးများထံမှ လျှောက်လွှာ များရယူ၍ လျှောက်ထားရမည်ဖြစ်ကာပြင်ပမှဖြေဆိုမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များမှတစ်ဆင့် လျှောက်လွှာများရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

          "လျှောက်လွှာတွေကို အောက်တိုဘာ ၁ ရက်ကစတင်ထုတ်ပေးနေပါတယ်။ နေပြည်တော် စာစစ်ဦးစီး ရုံး၊ ရန်ကုန် လှိုင်တက္ကသိုလ်နယ်မြေ၊ ဇွဲကပင်ဆောင်နဲ့ရန်ကုန်၊ လသာလမ်းက စာစစ်ဦးစီးရုံးတွေမှာ ၃ နေရာခွဲ ပြီး ထုတ်ပေးပါတယ်။ တံဆိပ်ခေါင်းနဲ့လျှောက်လွှာအတွက် ကျသင့်ငွေကိုလည်း စာစစ်ဦးစီးက သတ်မှတ်နှုန်းနဲ့ ဖြန့်ဖို့ညွှန်ကြားထားပါတယ်"ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

          စာမေးပွဲဝင်ခွင့်လျှောက်လွှာများကို ဖြေဆိုမည့်ဘာသာတွဲအလိုက် ပန်းရောင်နှင့် အစိမ်းရောင်ကတ် ပြား များဖြင့် ခွဲခြားသတ်မှတ်ထားရာ ဝင်ခွင့်လျှောက်လွှာတွင်ဘာသာတွဲ မှားယွင်းဖြည့်စွက် မိပါကဖြည့် စွက်သည့် ဘာသာတွဲကိုသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီးပြင်ဆင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

          "ဆရာမတို့ကတော့ မြို့နယ်ပညာရေးမှူးကတစ်ဆင့်စာစစ်ဦးစီးမှာထုတ်ပေးတယ်။ တင်တော့လည်း ပညာရေးမှူးရုံးကနေပဲ တင်ရတာ။ တချို့က ပွဲစားတွေဘာတွေရှိတော့ငွေပိုပေးရတယ်လို့ ပြောတယ်" ဟု မိတ္တီလာမြို့နယ်မှ အထက်တန်းကျောင်းအုပ်ကြီးတစ်ဦးကပြောသည်။

          ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်တစ်နိုင်ငံလုံး၌ ဝင်ခွင့်လျှောက်လွှာ တင်သွင်းသူ ၆၃၂၂၀၉ ဦးရှိခဲ့သော်လည်း အမှန်တကယ်ဖြေဆိုသူ၅၉၇၉၄၆ ဦးသာရှိခဲ့သည်။