လာမည့်ဘဏ္ဍာရေးနှစ်တွင်ပညာရေးအသုံးစရိတ်ကို ၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်ထက် ခြောက်ဆတိုးမည်


        ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်ကို၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်ထက် ခြောက် ဆတိုး သုံးစွဲမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

 

          စက်တင်ဘာလ၈ရက်ကရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ပြုလုပ်သော နိုင်ငံတကာစာတက် မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

         

          "နိုင်ငံတော်ရဲ့ပညာရေးအသုံးစရိတ်ကို ကြည့်မယ်ဆိုရင် အခုနှစ်မှာ ၂၀၁၁ခုနှစ်ရဲ့ ပညာရေး အသုံးစ ရိတ်ထက်လေးဆတိုးမြှင့်ခဲ့ပါတယ်။ နောက်နှစ်မှာ ခြောက်ဆထိ သုံးမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

         

          ၂၀၁၅ခုနှစ်၊နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည့် ယူနက်စကို အစည်းအဝေးတွင်2030 Education Agenda ကို ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်းယင်း Agenda နှင့်အညီ ၂၀၁၅-၂၀၃၀ စီမံကိန်းအဖြစ် ၁၅ နှစ်တာ ကာလအတွင်း ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်မည်ဖြစ်ရာ အဓိကအချက်များအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ရန်၊ အလယ်တန်းပညာရေးကိုလူတိုင်းတက်မြောက်ရန်၊ သူငယ်တန်းပညာရေးကို မသင်မနေရ လူတိုင်းတက်မြောက်ရန်၊ ကျားမ မရွေးတန်းတူတက်မြောက်ရန်၊ သတင်းအချက်အလက်နည်းပညာကို ပညာရေးကဏ္ဍတွင် ထိထိရောက်ရောက် အသုံးပြု ရန်နှင့်ပညာရေးကဏ္ဍတိုင်းတွင် အရည်အသွေးမီရန်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးကဆက်လက်ပြောကြားသည်။

 

          ယခု ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်အနေဖြင့် ပညာရေးဝန်ကြီး ဌာနက ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၁၁၅၈၄၃၆ ဒသမ ၇၄၀ ရရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆ တိုးမြှင့်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။