ဗြိတိသျှကောင်စီ၏အခမဲ့ Online lELTS သင်တန်းကို အောက်တိုဘာလ ၃၀ ရက်အထိစာရင်းသွင်းတက်ရောက်နိုင်
lELTSဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာလေ့လာ လိုက်စားသော သူများ အတွက် ရည်ရွယ်၍လက်လွတ်မခံသင့်သော ဗြိတိသျှကောင်စီ၏အခမဲ့ online သင်တန်း Understanding lELTS:Techniques for English Language Tests ကို စက်တင်ဘာလ ၂၁ ရက်တွင်စတင်နေပြီဖြစ်သော်လည်းအောက်တိုဘာလ ၃၀ ရက်အထိစာရင်းသွင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဤသင်တန်းသည်ရက်သတ္တပတ်ခြောက်ပတ်ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ နာရီအချိန်ပေးရုံဖြင့် lELTSစာမေးပွဲအကြောင်း၊ အမှတ်ပေးပုံစံနှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက်အသုံးဝင် သောအကြံပေးချက်များကိုပါ online မှ လေ့လာသင်ယူနိုင်မည်ဖြစ်သည်။ lELTS တွင်ဖြေဆိုရသောreading, writing, speaking နှင့် listening အပိုင်းတို့အတွက် viedo tutor နှင့် အတွေ့အကြုံရှိlELTS နည်းပြ ဆရာ များမှ အကြံပေးသင်ကြားပေးသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ lELTS စာမေးပွဲအတွက်လေ့လာသင်ယူ နေများ နှင့်လည်း အတွေ့အကြုံများဖလှယ်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
တက်ရောက်လိုသူများအနေဖြင့်http://goo.gl/zyuJbr သို့သွားရောက်စာ ရင်းပေးတက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်၊ဖုန်း-၂၅၆၂၉၀၊ ၂၅၆၂၉၁၊၂၅၄၆၅၈၊ လိုင်းခွဲ-၃၃၂၇ နှင့် www.britishcouncil.org.mm/my/events/ understanding-ieltslELTS စာမေးပွဲအတွက် ပြင်ဆင်လေ့လာခြင်းနှင့် ပတ်သက်သော preparation materials များအားhttp://takeielts. britishciuncil.org/prepare တွင်သွားရောက်လေ့လာနိုင်မည် ဖြစ်သည်။