ဆိုမာလီယာမှ ဟားဗက်သို့ ပထမဆုံးရောက်ခဲ့သူ
အသက်၂၁နှစ်အရွယ် ဆိုမာလီယာနိုင်ငံသားလေးAbdisamad Adan ဟာ လျှပ်စစ်မီးမရှိတဲ့ ဆိုမာလီယာနိုင်ငံရဲ့ ကျေးလက်တောရွာလေးမှာ ဖယောင်းတိုင်မီးနဲ့စာကြည့်ခဲ့ရပြီး၊ ကုလားအုတ်ကနေ နို့ညှစ်ခဲ့ရတဲ့ ဟားဗက် ရောက်ပထမဦးဆုံး ဆိုမာလီနိုင်ငံသားတစ်ယောက်ဖြစ်လာပါသည်။
သူ လူ့လောကထဲကို မရောက်ခင်ကတည်းက ကွာရှင်းထားတဲ့မိဘရယ်၊ပညာလုံးဝမတက်သူ အချို့နဲ့ ပထမတန်းကိုတောင် မတက်နိုင်ခဲ့ကြတဲ့ မွေးချင်း ၁၈ ယောက်ရှိတဲ့Adan ရဲ့ ဘ၀ဟာ ကြမ်းတမ်းလှပါတယ် လို့ နယူးယော့ခ်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါသည်။
အတန်းပညာဆိုတာဘာမှန်းပင်မသိတဲ့ အဘွားဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ တစ်နေ့ ကိုးနာရီ လောက် ရေခပ်ရပြီးမူလတန်းကျောင်းလေးမှာ ပညာသင်ကြားခဲ့ရပြီး၊ တစ်လကို ၁ဒေါ်လာတန်တဲ့ မူလတန်းကျူရှင်လခနဲ့ဒေါ်လာ၄၀ တန်တဲ့ အထက်တန်းကျူရှင်လခတွေကို ဖွားအေဖြစ်သူက မတက်နိုင်သလို၊ Adan ကိုလဲ အထက်တန်းပညာသင်ဖို့မလိုအပ်ဘူးလို့ယူဆထားခြင်းခံခဲ့ရသော်လည်း Adan ဟာ အဋ္ဌမတန်းကို တစ်နိုင်ငံလုံးမှာ ဒုတိယရပြီး အထက်တန်းပညာကိုသင်ယူခွင့်ရခဲ့ပါသည်။
Adan သည်ဟားဗက်ဆိုတာဘာမှန်းမသိ၊ ကြားတောင်မကြားဖူးတဲ့ အဖွားအပါအ၀င်၊ နိုင်ငံတော် အဆင့် ဂုဏ်ပြုချီးကျူးမှုကိုတောင်ခံခဲ့ရပြီးဖြစ်ပါသည်။ သမ္မတကိုယ်တိုင်ကတောင် Adan ကို နိုင်ငံရဲ့
သူရဲကောင်းအဖြစ်ဂုဏ်ပြုခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာတွင်ဖော်ပြထားသည်။