သားဖွားဆရာမများအားလက်ဆေးခြင်းနှင့်သန့်ရှင်းရေးအလေ့အကျင့်အသိပညာပေးမည်


မွေးကင်းစကလေးငယ်များအဆုတ်ရောင်နှင့် ၀မ်းရောဂါကြောင့် အသက်သေဆုံးနှုန်း လျော့ကျစေရန် သားဖွားဆရာမနှစ်သောင်းအားလက်ဆေးခြင်းနှင့် သန့်ရှင်းရေးအလေ့အကျင့် အသိပညာပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

          နှစ်စဉ်မြန်မာနိုင်ငံရှိ ကလေးငယ်ပေါင်း ငါးသောင်းခြောက်ထောင်ခန့်သည်အသက်ငါးနှစ်မပြည့်မီ သေဆုံးနေရခြင်းနှင့် ၄င်းတို့အနက် ကလေးငယ်လေးသောင်းသုံးထောင်ခန့်မှာအသက်တစ်လမပြည့်မီ သေဆုံး နေရခြင်းတို့ကို လျော့ကျစေရန် ယခုကဲ့သို့ သားဖွားဆရာဝန်များအားအသိပညာပေးခြင်းဖြစ်ကြောင်း လိုက်ဘွိုင်(Lifebuoy)မှ အကြီးတန်းထုတ်ကုန်စီမံခန့်ခွဲသူဂျော်နသန်ကပြောသည်။

          “သားဖွားဆရာမနှစ်သောင်းကို မှန်ကန်တဲ့ လက်ဆေးခြင်းနဲ့သန့်ရှင်းရေးအလေ့ကျင့်တွေကို သင်ကြား ပေးသွားမှာပါ။ ဒါကမွေးစကလေးတွေအတွက် သီးသန့်ပြင်ဆင်ထားတဲ့အစီစဉ်ပါ”ဟု၎င်းကဆိုသည်။

          သက်ဆိုင်ရာမြို့နယ်နယ်များ၏ ကျန်းမာရေးရုံးခန်းများတွင်သားဖွားဆရာမများကို စုဝေးစေ၍ မွေးစက လေးများ သေဆုံးနှုန်းလျော့ကျစေရန် မှန်ကန်သောသန့်ရှင်းရေးအလေ့အထများအတွက်အသိပညာပေးခြင်း၊ ကျန်းမာရေးဆပ်ပြာများ ဝေမျှပေးခြင်းနှင့် ၄င်းတို့မှတစ်ဆင့် အလေ့အကျင့်များကိုလူထုအသိုင်းဝိုင်းများသို့ ဗဟုသုတပြန်လည်ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

          ယင်းအသိပညာမြှင့်တင်ခြင်းကို ၂၀၁၆ ဇူလိုင်လအထိဆောင်ရွက်မည်ဖြစ်ပြီး တစ်လလျှင်သားဖွား ဆရာမဦးရေ နှစ်ထောင်ခန့်နှုန်းဖြင့် အသိပညာမြှင့်တင်ပေးမည်ဖြစ်သည်။

          “ကလေးတစ်ယောက်သေဆုံးတာဟာ မိသားစုဝင်တစ်ယောက်ဆုံးရှုံးတာတင်မကပါဘူး တိုင်းပြည်ရဲ့ လူ့အရင်းအမြစ်တစ်ခုလည်းဆုံးရှုံးရတာပါ။ ဒါကြောင့်ကျွန်မသွားခဲ့တဲ့ ကျေးလက်တွေမှာဆိုရင် လက်ဆေးခြင်း က ရောဂါဖြစ်ပွားနှုန်းကို ၅၀%ကျော်လောက်လျှော့ချနိုင်တာကိုတွေရတယ်။ လက်ဆေးခြင်းက ကလေးသေ ဆုံးနှုန်းကို လျှော့ချနိုင်ဖို့အဓိကဖြစ်ပါတယ်” ဟု လက်ရှိကျေးရွာတွင် လက်ဆေးခြင်း အသိပညာပေးလုပ်ငန်း များလုပ်ကိုင်ပေးနေသောရုပ်ရှင်သရုပ်ဆောင် အဆိုတော်ချစ်သုဝေကပြောသည်။

          ကမ္ဘာပေါ်တွင်အဆုပ်ရောင်ရောဂါ(သို့) ၀မ်ပျက်ဝမ်းလျှောရောဂါများကြောင့် စက္ကန့်၂၀တိုင်း၌ ကလေး ငယ်တစ်ဦးနှုန်းအသက်ဆုံးရှုံးနေရပြီးမြန်မာနိုင်ငံတွင်လည်း ကလေးငယ်သေဆုံးမှု၏ ပထမအကြောင်းရင်းမှာ အဆုတ်ရောင်ရောဂါဖြစ်ကာဒုတိယအကြောင်းရင်းမှာမှု ၀မ်ပျက်ဝမ်းလျှောရောဂါများဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကသတင်းထုတ်ပြန်သည်။