မေရီချက်(ပ်)မင်းအပြောနှင့်အကြားအာရုံချို့တဲ့သူများကျောင်းမှ ၂၀၁၆ မတ်လတွင် ဆရာဖြစ်သင်တန်းခေါ်ယူ မည်


          မေရီချက်(ပ်)မင်း အပြောနှင့်အကြားအာရုံချို့တဲ့သူများကျောင်းမှ၂၀၁၆ မတ်လအတွင်း ပြည်နယ်၊ တိုင်းဒေသကြီးများမှ ဆရာဖြစ်သင်တန်းကို စိတ်ပါဝင်စားသူများအားရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရ သည်။

          “အရင်ကပြောတော့ ၂ နှစ်သင်တန်းပေါ့။ အခုကတော့ဆရာမကြီးတို့ပြန်ကြည့်တယ် ၈လနဲ့ဖြစ်နိုင် တယ်ဆိုတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာမသန်းစွမ်းကလေးငယ်တွေ စာမတတ်မဖြစ်ရလေအောင် သူတို့ကို သင်ကြားဖို့ ဆရာဖြစ်သင်တန်းခေါ်ယူသွားမှာပါ”ဟု  မေရီချက်(ပ်)မင်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးဒေါ်ညွန့်ညွန့်သန်းက ပြောသည်။

          အဆိုပါဆရာဖြစ်သင်တန်းတက်ရောက်မည့် တိုင်းရင်းသားလူငယ်များအနေဖြင့်စိတ်ပါဝင်စားပါက  သက်ဆိုင်ရာတက္ကသိုလ်များမှရရှိထားသောဘွဲ့လက်မှတ်တင်ပြရမည်ဖြစ်ပြီး၊ စိတ်ရှည်သည်းခံနိုင်မှုစစ်ဆေး ခြင်း၊ လူတွေ့စစ်ဆေးခြင်းတို့ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

          မေရီချက်(ပ်)မင်း အပြောနှင့်အကြားအာရုံချို့တဲ့သူများကျောင်းသည်၁၉၂၀ ခုနှစ်တွင် ဗြိတိသျှအမျိုး သမီး MS.Mary Chapman ကအပြောနှင့်အကြားအာရုံချို့တဲ့သည့်ကလေးငယ်များ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို ရည်ရွယ်၍ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်သံတမန်လမ်းရှိမြေကွက်အား ကိုယ်ပိုင်ငွေနှင့် စုပေါင်းလှူဒါန်း ငွေများဖြင့် ဝယ်ယူ၍ထူထောင်ခဲ့ခြင်းဖြစ်သည်။

          “ ဒီကျောင်းက ဆရာဖြစ်ကောလိပ်အနေနဲ့ စတင်ခဲ့တာဖြစ်တယ်။အဲဒီတော့ ဆရာမကြီးတို့ကျောင်းက သင်ရိုးပါမယ်။ နောက် ဒီကကလေးတွေနဲ့ ဆရာတွေရင်းနှီးအာင်အရင်ထားရတယ်။ ခေတ်စနစ်နဲ့လည်း မပြတ် အောင် ကလေးဗဟိုပြုသင်ကြားရေးတွေလည်းပါမယ်”ဟု ကျောင်းအုပ်ဆရာမကြီးဒေါ်ညွန့်ညွန့်သိန်းက သင်ကြားရေးပုံစံနှင့် ပတ်သတ်၍ရှင်းပြသည်။