ပါဝင်ခွင့်သာ ပေးခဲ့ရင်
တက်ကြွစွာသင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကိုမြှင့်တင်သောစာသင်ခန်းများတွင် ဆရာများသည် ကျောင်းသားများ၏သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများထဲမှကျွမ်းကျင်မှုကိုစစ်ဆေးရန် အရေးအကြီးဆုံးဖြစ်ပါသည်။ ဤသို့စစ်ဆေးနိုင်ရန်အတွက် ရေးဖြေစစ်ဆေးခြင်း၊ နှုတ်ဖြေစစ်ဆေးခြင်းတို့သာမက သင်ခန်းစာပါအကြောင်းအရာများကို ကျောင်းသားများ၏ ဆွေးနွေးပြောဆိုမှုနှင့် ပြုမူဆောင်ရွက်မှုများကိုပါ လေ့လာစောင့်ကြည့်အကဲဖြတ်ဖို့ လိုပါသည်။
နောက်ဆုံးတွင် မေးခွန်းများမေး၍ ဖြေဆိုစေခြင်းထက် သင်ယူမှုဖြစ်စဉ်တစ်လျှောက်လုံးကိုစစ်ဆေးရန်ဖြစ်သည်။ အကြောင်းအရာများကို ကျောင်းသားများမည်ကဲ့သို့ လေ့လာသင်ယူကြောင်းနှင့်သူတို့၏သင်ယူမှုကို မည်ကဲ့သို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြောင်း ဂရုတစိုက်စောင့်ကြည့်လေ့လာရပါမည်။
ကျွန်မတို့၏ပညာသင်ကြားခြင်း တစ်လျှောက်လုံးတွင် ဆရာများသာစစ်ဆေးအကဲဖြတ်သူများဖြစ်ကြသည်။ စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဥ်းများကို ဆရာများနှင့် တာဝန်ရှိသူတို့ကသာ စီစဉ်ဆောင်ရွက်လေ့ရှိပါသည်။ ကျောင်းသားများက အမှတ်ပေးစည်းမျဉ်းကိုနားမလည်၊ မသိရှိရဘဲ မိမိတို့စိတ်ထင်ရာကိုသာ ရေးသားဖြေဆိုနေကြသည်။ တချို့ဆရာများကသာ ကျောင်းသား များအားအမှတ်ပေးစည်းမျဉ်းပြောပြတတ်ပြီး၊ အဖြေလွှာများပြန်လည်စစ်ဆေး ကြည့်ရှုခွင့်ပေးကြ သည်။
ပညာရေးနည်းစနစ်ပြောင်းလဲရာတွင် အမှတ်ပေးစည်းမျဉ်းများကိုကျောင်းသားများနှင့် အတူ တကွသတ်မှတ်ခြင်းလည်း လုပ်ဆောင်ရမည့်အစီအစဉ်တစ်ခုဖြစ်သည်။ ဤကဲသို့ကျောင်းသားများကို စစ်ဆေးခြင်းနည်းစဉ်တွင် အတူတကွပါဝင်လုပ်ဆောင်စေခြင်းက သူတို့အားကောင်းတဲ့လုပ်ရပ်များကဘာလဲဆိုခြင်းကို သတိပြုမိစေပါတယ်။ အမှတ်ပေးတဲ့နေရာမှာ ဘယ်အရာတွေတိုင်းတာသလဲဆိုတာ တိတိကျကျသိနေခြင်းကကျောင်းသားများသင်ယူခြင်းကိုလွယ်ကူစေပါတယ်။
ဝေဖန်ပိုင်းခြားစဉ်းစားမှုမြှင့်တင်ပေးတဲ့အတန်းတွင် စာစီစာကုံးအမှတ်ပေးဖို့ပြင်ဆင်ထားတဲ့နမူနာတစ်ခုကိုဖော်ပြပေးပါမယ်။ စာစီစာကုံးများကို အမှတ်အများအနည်းအလိုက်ရှိမည့်အချက်များကိုသတ်မှတ်ထားပါတယ်။ အမှတ်ငါးမှတ်ရမည့် စာစီစာကုံးက (၁)အတန်းထဲမှာ တစ်စုံတစ်ဦးက ပြောပြီးသား၊ရေးပြီးသားမဟုတ်တဲ့ ဘယ်သူမှမရေးဖူးတဲ့အဓိက အကြောင်းအရာတစ်ရပ်နဲ့ စတင် ရေးသားရပါမယ်။(၂) ဒီအကြောင်းအရာအတွက် စုံလင်တဲ့အကျိုးအကြောင်းပြချက်တွေနဲ့ထောက်ပံ့ရပါမယ်။ ထောက်ပံ့တဲ့အကြောင်းအရာ အနည်းဆုံးဘယ်နှစ်ခုဖြစ်ရမယ်ဆိုတာ သတ်မှတ်လို့လည်းရပါတယ်။ (၃) အဓိကအကြောင်းအရာကို ဆန့်ကျင်ငြင်းဆိုထားတဲ့အချက်အလက်များပါဝင်မှုကို လည်းထည့်သွင်းစဉ်းစားရပါမယ်။ (၄)နိဒါန်း၊ စာကိုယ်၊ နိဂုံးစတာတွေ ပြည့်စုံရပါမယ်၊ (၅) သပ်သပ်ရပ်ရပ်၊ မှန်မှန်ကန်ကန် ရေးထားရပါမယ်။ (၆) စာမျက်နှာ ငါးမျက်နှာက ခုနှစ်မျက်နှာရှိရပါမယ်။
အမှတ်လေးမှတ်ရမည့် စာစီစာကုံးက ငါးမှတ်ပေးမည့် စာစီစာကုံး၏အမှတ်ပေးစည်းမျဉ်း အတိုင်းဖြစ်ပြီး ထောက်ပံ့တဲ့အကြောင်းအရာတွေက ပြည့်စုံနေပေမဲ့ များများပြားပြားမဖြစ်နေတာသာကွဲပြားပါတယ်။
အမှတ်သုံးမှတ်ရဖို့ စာစီစာကုံးက (၁) အဓိကအကြောင်းအရာကိုရှင်းရှင်းလင်းလင်း ရေးရပါ မယ်။ (၂) ဒီအကြောင်းအရာအတွက် စုံလင်တဲ့ အကျိုးအကြောင်းပြချက်တွေနဲ့ထောက်ပံ့ရပါမယ်။ထောက်ပံ့တဲ့အကြောင်းအရာ အနည်းဆုံးဘယ်နှစ်ခုဖြစ်ရမယ်ဆိုတာ သတ်မှတ်လို့လည်း ရပါတယ်။(၃) အဓိကအကြောင်းအရာကို ဆန့်ကျင်ငြင်းဆိုထားတဲ့အချက်အလက်များပါဝင်မှုကိုလည်း ထည့် သွင်းစဉ်းစားရပါမယ်။(၄) နိဒါန်း၊ စာကိုယ်၊ နိဂုံးစတာတွေ ပြည့်စုံရပါမယ်၊ (၅) သပ်သပ်ရပ်ရပ်၊ မှန်မှန်ကန်ကန်ရေးထားရပါမယ်။ (၆) စာမျက်နှာ ငါးမျက်နှာက ခုနှစ်မျက်နှာရှိရပါမယ်။
အမှတ်လေးမှတ်ရမည့် စာစီစာကုံးက ငါးမှတ်ပေးမည့်စာစီစာကုံး၏အမှတ်ပေးစည်းမျဉ်း အတိုင်းဖြစ်ပြီး ထောက်ပံ့တဲ့အကြောင်းအရာတွေက ပြည့်စုံနေပေမဲ့ များများပြားပြားမဖြစ်နေတာသာကွဲပြားပါတယ်။
အမှတ်သုံးမှတ်ရဖို့ စာစီစာကုံးက (၁) အဓိကအကြောင်းအရာကိုရှင်းရှင်းလင်းလင်းရေးရပါ မယ်။ (၂) အဓိကအကြောင်းအရာကိုအကြောင်းပြချက်တွေနဲ့ ထောက်ပံ့ရမယ်ဆိုတဲ့ပထမအချက်နှစ်ချက်သာကွဲလွဲပြီးကျန်တဲ့အချက်အလက်တွေ တူညီပါတယ်။ အမှတ်နှစ်မှတ် သို့မဟုတ် တစ်မှတ်ရမယ့်စာစီစာကုံးက ရှင်းတဲ့အကြောင်းအရာမပါသလို ထောက်ပံ့တဲ့အကြောင်းပြချက်တွေလည်း မရှိပါဘူး။နိဒါန်း၊ စာကိုယ်၊ နိဂုံးတို့မှာ ပြည့်စုံမှုမရှိဘဲ စာလုံးပေါင်းအမှားတွေလည်း ပါဝင်ပါသည်။ သုံးမျက်နှာအောက်ရေးထားပြီး သပ်ရပ်မှုမရှိပါဘူး။
ဒီလိုအမှတ်ပေးစည်းမျဉ်းမျိုးတွေကို ပိုစတာစာရွက်တစ်ခုပေါ်မှာသို့မဟုတ် သင်ပုန်းပေါ်မှာ ရေးကပ်ထားပြီး ကျောင်းသားများနှင့်ဆွေးနွေးဖို့လိုပါတယ်။ကျောင်းသားတွေကို အမှတ်တစ်ခုရွေးပြီး ကိုယ်ရွေးထားတဲ့အမှတ်ရအောင်ကြိုးစားဖို့ အားပေးပါတယ်။ဒီလိုလုပ်ပေးခြင်းဖြင့် မိမိတို့ရဲ့စာစီစာကုံး မှာ လိုအပ်တဲ့အရည်အချင်းတွေပါအောင် ရေးသားတတ်စေပါတယ်။
ဆရာ့ဆီကို စာစီစာကုံးမျာားမတင်ခင် အမှတ်ပေးစည်းမျဉ်းအရကျောင်းသားများကိုစစ်ဆေး အမှတ်ပေးစေပြီး နောက်ဆုံးမှာ ဆရာကကြိုတင်သတ်မှတ်ထားတဲ့ စည်းမျဥ်းများအရ အမှတ်ပေးပါတယ်။ ကျောင်းသားများ၏လုပ်ဆောင်မှု တိုးတက်စေရန်အတွက် ၅မှတ်၊ ၄မှတ်တွေရတဲ့ စာစီ စာကုံးများကိုဥပမာပေးတဲ့အနေနဲ့ ပြထားချင်ပြထားလို့ရပါတယ်။ နောက်တစ်နည်းကတော့ ကျောင်းသားတွေရဲ့ အကောင်းဆုံးအချက်တွေကိုပေါင်းစုပြီးအရမ်းကောင်းတဲ့ စာစီစာကုံးတစ်ခုဆို တာ ဘာလဲဆိုတဲ့ ဥပမာအနေနဲ့ပြသလို့ရပါတယ်။
အမှတ်က အရေးကြီးသော်လည်း ကျောင်းသားများ၏တီထွင်မှုကို ပိတ်ပင်လောက်အောင်စာစီစာကုံးကောင်းတစ်ခုမှာ ဘာတွေပါနေရမယ်ဆိုပြီး သိပ်မတင်းကျပ်ဖို့သတိထားရပါမယ်။ စာဖတ်သူတွေအပေါ် မထင်မှတ်ဘဲသက်ရောက်မှုရှိစေတဲ့အရည်အချင်း (Punch)ကိုလည်း ထည့်တွက် သင့်ပါတယ်။ဒီ Punch ကို စိတ်လှုပ်ရှားစေတဲ့စကားလုံးရွေးချယ်မှု ပုံဥပမာတစ်ခုပြောပြခြင်း အကြောင်းအရာကိုကောင်းကောင်းသိကျွမ်းနေတဲ့ ပုံသဏ္ဍာန်ရှိခြင်း ဒါမှမဟုတ် မထင်မှတ်တဲ့နိဂုံးနဲ့ အဆုံးသတ်ခြင်းစသောနည်းတစ်မျိုးမျိုးနဲ့ရနိုင်ပါတယ်။ မခန့်မှန်းနိုင်ပေမယ့် ဒီလိုဖြစ်သွားတဲ့အခါမှာ အသိအမှတ်ပြုရပါမယ်။စာစီစာကုံးတစ်ခုရဲ့ Punch က သူ့ရဲ့စာစီစာကုံးကို အမှတ်များများရအောင် ကူညီနိုင်ကြောင်းစီစဉ်ပေးထားရပါမယ်။
သူတို့ရေးသားမှုတွေကို အကြံဉာဏ်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့စာစီစာကုံးများအဖြစ်ပြင် ဆင်ရေးသားတတ်လာပါလိမ့်မယ်။ မိမိတို့ရဲ့စိတ်ကူးစိတ်သန်းများကို လှပစွာဖန်တီးခွင့်ရခြင်းကပျော်ရွှင်တဲ့စာသင်ခန်းများဖြစ်စေသလို ထူးချွန်ထက်မြက်အောင်မြင်တဲ့ ကျောင်းသားများဖြစ်လာဖို့တစ်လှမ်းပြီးတစ်လှမ်းလှမ်းတက်သွားနိုင်မှာ မလွဲပါဘူး။
တက်နေဝန်း