ဦးဆောင်မောင်းနှင်သူများ အရေးကြီးပါတယ်
(၁)
လေယာဉ်မောင်းတဲ့လူကိုလေယာဉ်မှူး၊ သင်္ဘောမောင်းတဲ့လူကို ရေယာဉ်မှူး၊ကားမောင်း တဲ့လူကိုယာဉ်မောင်းလို့ ခေါ်လေ့ရှိကြတယ်။ ဘယ်လိုခေါ်ခေါ်ပါ။ သူတို့ဦးဆောင်မောင်းနှင်ပြီဆိုရင်သူတို့ရဲ့နောက်မှာခရီးသည်တွေပါလာရစမြဲပါပဲ။ ခရီးသည်တွေသွားလိုတဲ့ ခရီးကိုချောချောမောမောရောက်အောင် Driver Seat နေရာကနေတာဝန်ယူပို့ဆောင်ပေးနေသူတွေပါ။
လေကြောင်းနဲ့ပဲခရီးသွားသွား၊ ရေကြောင်းနဲ့ပဲ ခရီးသွားသွား၊ဘတ်စ်ကားနဲ့ပဲခရီးသွားသွား ခရီးသည်တွေရဲ့အသက်ဟာ မောင်းနှင်သူတွေရဲ့ကျွမ်းကျင်မှု အတွေ့အကြုံရှိမှု၊စိတ်ဓာတ်ကြံ့ခိုင်မှု၊ စေတနာထားမှုတွေအပေါ်မှာ တည်မှီနေကြရတာမဟုတ်လား။
အခုတလောသတင်းစာထဲမှာ ခရီးသည်တွေနဲ့ပတ်သက်လို့ စိတ်မချမ်းမြေ့စရာသတင်းတွေဖတ်လိုက်ရတယ်။ Germanwings လေကြောင်းလိုင်းမှခရီးစဉ်အမှတ် 4u 9525 လေယာဉ်ကို တွဲဖက်လေယာဉ်မှူးအင်ဒရီယာလူဘစ်ကအဲလ်ပ်တောင်တန်းပေါ်သို့ စိုက်ချပြီး လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်၁၅၀လုံးကို သေဆုံးစေခဲ့ပါတယ်။အဲဒီလေယာဉ်မှူးကစိတ်ရောဂါဝေဒနာ ခံစားနေရတဲ့လူ ဖြစ်ပါသတဲ့။ အလွန်တုန်လှုပ်ချောက်ချားစရာပါ။Driver Seat မှာထိုင်ခွင့်ရတဲ့ လူတစ်ယောက်အနေ နဲ့သူ့ကိုယ်သူသတ်သေချင်တာနဲ့ ကျန်တဲ့လူတွေပါအစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ် လိုက်ခြင်းဖြစ်ပါ တယ်။ လူတစ်ယောက်ရဲ့ကြီးမားလွန်းတဲ့အကုသိုလ်အင်အားဟာ လူ၁၅၀ကိုပါဒုက္ခရောက်သွားစေ တာပါပဲ။
နောက်သတင်းတစ်ပုဒ်ကတော့ပြည်တွင်းသတင်းပါ။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှထွက်ခွာလာတဲ့အောင်တံခွန်(၃)ခရီးသည်တင်သင်္ဘောဟာမြေပုံမြို့နယ် ငပသုံးကျွန်းနဲ့မျောက်ကျိန် ကျွန်းအနီးမှာသင်္ဘောဦးပိုင်း ပွင့်ထွက်ပြီး ရေဝင်နစ်မြုပ်ကာ ခရီးသည် ၆၂ဦး သေဆုံးခဲ့ရတဲ့သတင်းပါ။အ ကြောင်းရင်းကို ဖတ်ကြည့်လိုက်တော့ သင်္ဘောအဟောင်း၊ ကုန်စည်နဲ့လူကိုမတန်တဆတင်၊ သင်္ဘောမောင်းတဲ့ဝန်ထမ်းတွေကလည်း ယမကာမှီဝဲထားသတဲ့လေ။ သင်္ဘောမောင်းတဲ့ လူတွေရဲ့ပေါ့ဆ မှုကြောင့်သေဆုံးသွားကြသူတွေရဲ့ မိသားစုဝင်တွေဘယ်လောက်များ ပူဆွေးသောကရောက်ကြ မလဲ။
နောက်သတင်းတစ်ပုဒ်ကတော့ ထိုင်းနိုင်ငံသတင်းပါ။ ထိုင်းနိုင်ငံမှာမီးရထား ၂ စင်းခေါင်းချင်း ဆိုင်တိုက်မိတဲ့သတင်း။ ခရီးသည်အများအပြားထိခိုက်ဒဏ်ရာရရှိသွားပါသတဲ့။မီးရထားမောင်းတဲ့ လူတွေ ဘယ်လိုမောင်းကြလို့လဲ။ တကယ်တော့ Driver Seat မှာထိုင်ခွင့်ရသူတေါက၁ယောက် သို့မဟုတ် ၂ယောက်ပါပဲ။ အဲဒီလူတွေအမှားလုပ်မိတာနဲ့၊ ဒုက္ခရောက်သွားရတဲ့ လူအရေအတွက်ကရာနဲ့ချီပြီးရှိနိုင်ပါတယ်။ ဒါကြောင့် Driver Seat မှာထိုင်တဲ့လူတွေ၊ ကျွမ်းကျင်ဖို့အတွေ့အကြုံများဖို့ စိတ်ထားမှန်ဖို့၊ စိတ်ထားကောင်းဖို့အထူးလိုအပ်ပါတယ်။
(၂)
ပညာရေးမှာ အရေးကြီးတဲ့တာဝန်ကိုယူထားရတဲ့ ပညာရေးဝန်ထမ်းတွေအကြောင်းပြောကြ ရအောင်။ ဘာသာပြဆရာတစ်ယောက်အနေနဲ့ဘယ်အတန်းကိုသင်သင်ပါ။ သင်တဲ့ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ်။ မူလတန်းပြဆရာဆရာမတစ်ယောက်ဟာ မူလတန်းသင်ဘာသာ ရပ်အားလုံးကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။အလယ်တန်းပြဆရာ၊ ဆရာမများကလည်း ဝိဇ္ဇာဘာသာရပ် သင်သင်၊ သိပ္ပံဘာသာရပ်သင်သင်၊ ပိုင်နိုင်ကျွမ်းကျင်မှုရှိရပါမယ်။အထက်တန်းပြဆရာဆရာမ တစ်ယောက်ကလည်း အနည်းဆုံး ၃ ဘာသာပြနိုင်ရပါမယ့်။ ဒါ့အပြင်သင်ပြနည်းများကျွမ်းကျင်ရမယ်။ကလေးစိတ်ပညာကို အသုံးချတတ်ရမယ်။ စစ်ဆေးအကဲဖြတ်နည်းတွေကို အံဝင်ခွင်ကျဆောင်ရွက် နိုင်ရမယ်။ကူညီလမ်းညွှန်မှုနည်းဗျူဟာကို အချိန်အခါနဲ့အညီအသုံးပြုတတ်ရမယ်။ ဘာသာရပ်သင် ကြားမှုDriver Seat မှာထိုင်နေတဲ့ဘာသာပြဆရာများ အရေးကြီးပါတယ်။
ဥပမာသူငယ်တန်းသင်မြန်မာစာဆရာတစ်ဦးဟာ “ကကြီး”ကိုဘယ်နှချက်ရေးဆွဲမလဲ၊ “ဃ ကြီး”ကို ဘယ်နှချက်ရေးဆွဲမလဲ၊“ဏကြီး” ကိုဘယ်နှချက်ရေးဆွဲရမလဲဆိုတာ မှန်ဖို့လိုပါတယ်။ ရှေးရိုးရာနည်းနဲ့ဗျည်းအက္ခရာတို့ကိုသင်မယ်ဆိုပါက သံထွက်မှန်ဖို့လိုပါတယ်။ “တဝမ်းပူ” “ထဆင် ထူး” “ဒထွေး” “ဓအောက်ခြိုက်”“နငယ်” “ပစောက်” “ဖဦးထုပ်”စသည်ဖြင့် မှန်ကန်ရပါမယ်။
သရသင်္ကေတနဲ့သံပြောင်းပြသင်္ကေတများရဲ့ အမည်များကိုလည်း မှန်ကန်စွာခေါ်ဝေါ်ရွတ်ဆိုတတ်အောင်သင်ကြားပေးဖို့လိုပါတယ်။ဥပမာ “လုံးကြီးတင်ဆန်ခတ်” “တစ်ချောင်းငင်” “နှစ် ချောင်းငင်” “အောက်ကမြစ်” “ဝစ္စနှစ်လုံးပေါက်”စတဲ့အခေါ်အဝေါ်များဖြစ်ပါတယ်။မြန်မာဘာသာ ရပ်သင် Driver Seat မှာထိုင်နေတဲ့ဆရာဆရာမများလမ်းလွဲသွားရင်၊ ကိုယ်သင်ပေးရတဲ့ကလေး တွေရဲ့ဘဝတစ်လျှောက်လုံး ဒုက္ခရောက်မှာကို သတိပြုစေချင်ပါတယ်။
အတန်းပိုင်ဆိုတဲ့Driver Seat မှာထိုင်နေတဲ့ဆရာဆရာမများလည်း အရေးကြီးပါတယ်။ Class Control ဘယ်လောက်နိုင်နင်းပါသလဲ။Management ဘယ်လောက်ကျွမ်းကျင်ပါသလဲ။ Leadership ဘယ်လောက်ကောင်းသလဲ။ Experience ဘယ်လောက်ရှိပြီလဲဆိုတဲ့စွမ်းရည်တွေပေါ်မှာကျောင်းသူ ကျောင်းသားတွေရဲ့စည်းကမ်းရှိမှု၊ စိတ်ဓာတ်လုံခြုံမှု၊ ကျောင်းနေပျော်မှု၊ ယဉ်ကျေးလိမ္မာရှိမှုတွေတည်မှီနေတာမို့လာ။ တချို့အတွေ့အကြုံရှိတဲ့ မိဘတွေက သားသမီးကျောင်းထားမယ်ဆိုရင်၊ Aခန်း၊Bခန်း၊ Cခန်းမရွေးဘူး။ စည်းကမ်းကောင်းတဲ့ဆရာဆရာမကိုရွေးပြီး အပ်ကြတာ၊ စေတနာကောင်းတဲ့ဆရာဆရာမအခန်းကို ရွေးပြီးအပ်ကြတာ။ ဆရာကောင်းမှတပည့်ကောင်းမှာ၊ လက်ဆိတ်ကောင်း မှပန်းကောင်းပွင့်တာ။
ဒါကြောင့်ကျောင်းအုပ်ကြီးများကဆရာဆရာမတွေကို အကဲခတ်တတ်ဖို့လိုတယ်။ အတန်းပိုင် တာဝန်ပေးဖို့စံသတ်မှတ်ထားရမယ်။ ဘက်လိုက်မှုကင်းကင်းနဲ့အတန်းတာဝန်ပေးနိုင်ရမယ်။ ကျွန် တော်ဆရာဖြစ်ကာစကဆို နှစ်ကျတွေပြန်တက်တဲ့အခန်းကို အတန်းပိုင်အမြဲကိုင်ရတယ်။ပြောရဆိုရ အားထည့်ရတာကလွဲလို့ လူတော်လူကောင်းလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ဒီကနေ့ကျောင်းသားဟောင်းတော်တော်များများဟာ ဘာသာပြဆရာထက်အတန်းပိုင်ဆရာကိုပိုပြီး မှတ်မိကြတယ်။သတိရကြတယ်။ သံယောဇဉ်ပိုရှိကြတယ်။ အတန်းပိုင်ဆိုတဲ့ Driver Seat မှာတာဝန်ယူသူဆရာဆရာမများအထူးအရေးကြီးပါတယ်။
ကျောင်းအုပ်ကြီးဆိုတဲ့Driver Seat မှာထိုင်နေကြသူတွေကတော့ အထူးအရေးကြီးပါ တယ်ခင်ဗျ။ ကျောင်းအုပ်ကြီးဆိုတာကျောင်းတစ်ကျောင်းရဲ့Commander ပါ။ ကျောင်းအုပ်ကြီးရဲ့ Capacity ဘယ်လောက်ရှိသလဲ။ Management ကောင်းရဲ့လား။Leadership ကဘယ်လိုလဲ။ Financial Policy ရောသိရဲ့လား။ Organizational Development ကိုမြှင့်တင်ပေးနိုင်သလား။Rules and Regulation တွေကိုကြေညက်ရဲ့လား။ Community Base Education ကို ဘယ်လောက်လုပ်တတ်သလဲ။ မိဘဆရာအသင်း၊ ကျောင်းကောင်စီ၊ ကျောင်းဖွံ့ဖြိုးရေးအသင်းတွေကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်တတ်ရဲ့လား။ကျောင်းရဲ့တစ်နှစ်တာ Work Plan တွေကိုဆွဲတတ်ပါသလား။ “က” စာရင်း “ခ”စာရင်း၊ အောင်စာရင်း၊TC တွေကိုစနစ်တကျရေးသွင်းတတ်ရဲ့လား။ စာမေးပွဲကို စနစ်တကျစစ်တတ်သလား။ စာမေးပွဲကြီးကြပ်ရေးမှူးတာဝန်ကိုရဲရဲဝံ့ဝံ့ယူရဲသလား။ဒေသအခြေအနေ ပေါ်မူတည်ပြီး၊ ဝန်းကျင်ကောင်းတဲ့ကျောင်း၊ ကျောင်းသားတွေလာချင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်အောင်တီထွင်ဖန်တီးနိုင်စွမ်းရှိရဲ့လား။ ကျောင်းအုပ်ကြီးဆိုတဲ့ ရာထူးဟာဝန်ကြီးဌာနကခန့်ရုံနဲ့ရတာ မဟုတ်ဘဲကျောင်းသားများ ကျောင်းသားမိဘများ ရပ်မိရပ်ဖများရဲ့နှုတ်ဖြားမှာလည်း တို့ဆရာကြီးဆိုတာတသသဖြစ်နေပါသလား။ အဲDriver Seat မှာထိုင်တဲ့ကျောင်းအုပ်ကြီးညံ့ပြီဆိုရင်တော့ ကျောင်းရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကျဆင်းပြီသာမှတ်ပေတော့။ ကျောင်းအုပ်တွေကို လုပ်သက်တစ်ခုတည်းမကြည့်ဘဲစွမ်းဆောင်ရည်နဲ့ အီးကျူတွေနဲ့ပါ တိုင်းတာရွေးချယ်တာဝန်ပေးသင့်ပါတယ်။ ထူးချွန်ကျောင်းအုပ်ကြီးများကို ချီးမြှင့်သင့်ပါတယ်။
(၃)
ဆက်ရေးဦးမယ်ဆိုရင်တော့မြို့နယ်ဆိုရင် မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ တိုင်း ဒေသကြီး၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးဆိုတဲ့Driver Seat မှာတာဝန်ယူနေကြရသူများ၊ သက်ဆိုင်ရာထူးအလိုက်၊ တာဝန်အလိုက်ထိုက်တန်တဲ့ ကျွမ်းကျင်မှုတွေ၊အတွေ့အကြုံတွေ၊ စိတ် ဓာတ်စေတနာကောင်းမွန်မှုတွေ၊ စည်းရုံးရေးနဲ့စီမံခန့်ခွဲမှုကို ကာလ၊ဒေသ၊ ပယောဂနဲ့လျော်ညီ စွာကျင့်သုံးတတ်မှုတွေ၊ နာယကဂုဏ် ၆ပါးနဲ့အညီအသိတရားရှိစွာ ဆောင်ရွက်နိုင်ကြပါစေ။ဆောင် ရွက်နေသူတွေရှိပါတယ်။
ရာထူးဂုဏ်၊အာဏာပါဝါဂုဏ်နဲ့မောက်မာမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေကိုအသုံးပြုပြီး ကိုယ့်လက်အောက်ဆရာဆရာမတွေ၊ ကျောင်းသားတွေ၊ ဖိနှိပ်မှုတွေအသုံးပြုပြီး ကိုယ့်လက်အောက် ဆရာဆရာမတွေ။ ကျောင်းသားတွေကိုစိတ်ဆင်းရဲအောင်၊ ဒုက္ခရောက်အောင်မလုပ်မိဖို့ သတိပြု သင့်ပါတယ်။
ကိုယ်ပြုသည့်ကံ၊ ပဲ့တင်သံ၊ကိုယ်ထံပြန်လာတတ်ပါတယ်။
ဦးဆောင်မောင်းနှင်သူများကျွမ်းကျင်လိမ္မာ၊ စေတနာပါကြစေ။
အောင်ခိုင်မြင့်
(ပညာရေး)