နှစ်သစ်မှာဘာသာစကားသစ် သင်ယူကြစေလို
နှစ်သစ်မှာဘာသာစကားသစ် သင်ယူကြစေလို
နှစ်သစ် ၂၀၁၆ မှာဘာသာစကားသစ်တစ်မျိုး သင်ယူမည်ဟုနှစ်သစ်ရည်မှန်းချက်ချမှတ်အကောင် ထည်ဖော်ကြဖို့ ဗြိတိသျှကောင်စီက တိုက်တွန်းထားသည်။
ဗြိတိန်တွင် သြဂုတ်လကဗြိတိန်သား ၂၀၉၈ဦးကိုကောက်ထားသောသဘောထားစစ်တမ်းတစ်ရပ်အရ လေးပုံတစ်ပုံသည် နိုင်ငံခြားဘာသာစကားတစ်ခုခု သင်ယူရမည်ကို စိတ်မဝင်စားကြကြောင်းသိရသည်။ ဗြိတိန်တွင် ဂျီစီအက်စ်အီးစာမေးပွဲများ၌ နိုင်ငံခြားဘာသာများတွင် ဝင်ရောက်ဖြေဆိုသူလည်းနည်းပြီးရင်းနည်း လာနေသဖြင့် ဗြိတိသျှကောင်စီက တိုက်တွန်းဆော်သြနေရခြင်းလည်းဖြစ်သည်။
အဆင့်မြင့်ပညာရေးအေဂျင်စီ၏ ဖေဖော်ဝါရီလစာရင်းအရလည်းဗြိတိန်တွင် နိုင်ငံခြားဘာသာရပ်များ ကို စာရင်းသွင်းတက်ရောက်နှုန်းများကျဆင်းနေကြောင်းသိရသည်။ ပြင်သစ်ဘာသာသင်ယူသူ ၂၅% ထိလျော့သွားသည်။ ဂျာမနီစာက ၃၄%၊ စပိန်စာက ၁%လျော့သွားသည်။၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ပညာသင်နှစ်အကြားတွင် နိုင်ငံခြားဘာသာသင်ယူသူပမာဏသည်၁၆%ထိကျဆင်းသွားခဲ့သည်။
တစ်နေ့လျှင် နိုင်ငံခြားဘာသာရပ်တစ်ခုခု၏စာတစ်ကြောင်းခန့်ကိုလေ့လာခြင်းသည်ပင် ဘာသာစကား ဆိုင်ရာစွမ်းရည်ကို သိသိသာသာထက်မြက်စေသောကြောင့်ဘာသာစကားသစ်သင်ရန် ဗြိတိသျှကောင်စီက တိုက်တွန်းဆော်သြထားသည်။


