ယခုပညာသင်နှစ်အတွက်လူရည်ချွန်ရွေးချယ်မှုများ ဇန်န၀ါရီလတွင်စတင်မည်

ယခုပညာသင်နှစ်အတွက်လူရည်ချွန်ရွေးချယ်မှုများ ဇန်န၀ါရီလတွင်စတင်မည်

          ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်မှုများကိုဇန်န၀ါရီလတွင်စတင် ပြုလုပ်မည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအနက်ဘက်စုံထူးချွန်(လူရည်ချွန်) ကျောင်းသား၊ ကျောင်းသူများကို စတင်ရွေးချယ်မှုများပြုလုပ်ရန်အခြေခံပညာကျောင်းအသီးသီးသို့  ညွှန်ကြားစာများထုတ်ပြန်ထားပြီးဖြစ်သည်ဟု သိရသည်။

“ညွှန်ကြားချက်တွေတော့ ထုတ်ပြီးပြီ။ဇန်န၀ါရီလမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်ရွေးချယ်မှုတွေ စလုပ် တော့မှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညျွန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ဆိုသည်။

ယခုနှစ်လူရည်ချွန်များရွေးချယ်ရာတွင်ပထမနှစ်ဝက်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ ကျောင်း သား၊ ကျောင်းသူနှစ်ဦးကို ရွေးချယ်ကာမြို့နယ်အဆင့်ထက်မံရွေးချယ်မည်ဖြစ်ပြီး ခရိုင်အဆင့်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် ထပ်မံရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။

“လူရည်ချွန် စီမံကိန်းကို ပြန်စကတည်းကနှစ်စဉ်ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အင်းလေး၊ ပုဂံ၊ ငွေဆောင်ကို လေ့လာရေးခရီးပို့ပေးပါတယ်။ဒီနှစ်လည်းအလားတူ ဆောင်ရွက်ပေးမှာပါ” ဟုအခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကဆိုသည်။

လူရည်ချွန်များရွေးချယ်ရာတွင် အခြေခံပညာကျောင်းများ၊ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အဌမတန်း၊ န၀မတန်း၊ ဒသမတန်းကျောင်းသား၊ကျောင်းသူများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြု ထားပြီး စာပေကျွမ်းကျင်မှုနှင့် ကျန်းမာကြံ့ခိုင်မှုတို့ကိုအကဲဖြတ်ရွေးချယ်ခြင်းဖြစ်သည်ဟု သိရသည်။

လူရည်ချွန် စီမံကိန်းများကို ၁၉၆၁ ခုနှစ်မှ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ခေတ္တရပ်နားထားရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။