အဝေးသင်အောင်စာရင်းများထုတ်ပြန်လျက်ရှိ
အဝေးသင်အောင်စာရင်းများထုတ်ပြန်လျက်ရှိ
ရန်ကုန်အဝေးသင်တက္ကသိုလ်အောင်စာရင်းများ ဒီဇင်ဘာလပထမပတ်မျစတင်၍ထုတ်ပြန်လျှက်ရှိ ကြောင်း အ ဖဆိုပါကျောင်း၏ သင်တန်းရေးရာဌာနမှ သိရသည်။
"ပထမအသုတ်သိပ္ပံတွဲအောင်စာရင်းတွေက ဒီလဆန်းကတည်းကထွက်နေပါပြီ။ မနှစ်ကအတိုင်းပဲ အောင်စာရင်းကထွက်လာမှာပါ"ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးအောင်ခိုင်သန်း ကပြောသည်။
ဒုတိယအသုတ်အောင်စာရင်းများကိုဇန်န၀ါရီလတွင်လည်းကောင်း၊ တတိယအသုတ်အောင်စာရင်း များကို ဖေဖော်ဝါရီလတွင်လည်းကောင်းထွက်ရှိလာမည်ဖြစ်သည်။
"အောင်ချက်%တွေကတော့မတွက်ရသေးဘူး" ဟု ဦးအောင်ခိုင်သန်းကဆက်လက်ပြောကြားသည်။
ထို့အပြင်အောင်စာရင်းကို သက်ဆိုင်ရာဌာနခွဲများအပြင် ၀က်ဆိုက်များမှလည်း ထုတ်ပြန်ပေးလျှက်ရှိသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ဖြေဆိုသူစုစုပေါင်း နှစ်သိန်းကျော်ရှိ ကြောင်း သိရသည်။