သူငယ်တန်းသင်ရိုးအသစ်ဆရာဖြစ်သင်တန်း ကျောင်းပိတ်ရက်များတွင်ပို့ချမည်ဖြစ်


          ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်မည့်သူငယ်တန်းကို သင်ရိုးအသစ်ဖြင့်သင်ကြားမည် ဖြစ်ရာ သင်ရိုးအသစ်ကိုသင်ကြားပေးမည့် ဆရာ၊ဆရာမများအား ကျောင်းပိတ်ရက်များတွင်ဆရာဖြစ် သင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

          “အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲကာလပြီးသွားတဲ့အချိန် နွေရာသီကျောင်းပိတ်ရက်မှာဆရာ၊ဆရာမတွေကို KG နဲ့ပတ်သက်ပြီး လိုအပ်တဲ့သင်တန်းတွေကိုပေးသွားဖို့အတွက် စီစဉ်ဆောင်ရွက်သွားမယ်လို့ ထောက်ခံအကြံပြုထားပါတယ်” ဟုဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေးလုပ်ငန်း(CESR)၏ အတွင်းရေးမှုး ဒေါက်တာမျိုးသိမ်းကြိးကပြောသည်။

          သင်ရိုးညွှမ်းတန်းအသစ်အတွက် ဆရာလက်ကိုင်များကို ပြုစုပြီးဖြစ်သဖြင့်တိုင်းဒေသကြိး၊ ခရိုင်၊ မြို့နယ်အလိုက်၊ ဆင့်ပွားသင်တန်းပေးရမည့်သူများအား (TOT –Training of Trainers) အစီအစဉ်အရ သင်တန်းအချိန်ဇယားအလိုက် ပို့ချပေးသွားမည်ဟုဆိုသည်။

          သင်ရိုးညွှန်းတမ်းအပြောင်းအလဲကြောင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြစ်လာ မည်ဖြစ်ပြိး သင်ကြားရေးနည်းစနစ်များသည်လည်း နိုင်ငံတကာအဆင့်မီလာမည်ဖြစ်ကြောင်း၊ကလေး ဗဟိုပြုသင်ကြားရေးနည်းဖြင့် သင်ကြားရန်အတွက် ထောက်ခံအကြံပြုထားကြောင်း အထက်ပါပုဂ္ဂိုကဆက်လက်ပြောကြားသည်။

          သင်ရိုးညွှန်းတမ်အသစ်ကို ယူနီဆက်မှပညာရှင်များနှင့် ရေးဆွဲထားခြင်းဖြစ်ပြိး  လာမည့်ပညာ သင်နှစ်တွင် သူငယ်တန်းအတွက် သင်ရိုးညွှန်းတမ်းအသစ်ဖြင့်စတင်သင်ကြားမည်ဖြစ်သည်။ တစ်နှစ် ချင်းအလိုက် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

          “နောက်နှစ်မှာက KG တစ်တန်းတည်းကိုပဲ စမှာပါ။ KG + 12 ကိုတော့နှစ်စဉ်တစ်နှစ်ချင်းစီ သွားဖို့အတွက် ထောက်ခံအကြံပြုထားပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးကဖြည့်စွက်ပြောကြားသည်။