အားလုံးကောင်းလို့ ရလဒ်ကောင်းတာပါလို့ မိန့်ကြားတဲ့ဆရာတော်ဦးဓမ္မိကနှင့် တွေ့ဆုံခြင်း
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်နေသာပညာဒါနကျောင်းမှ အခြေခံပညာအထက်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ ၁၅၉ ယေက်ရှိခဲ့ပြီးစာမေးပွဲအောင်မြင်သူပေါင်းမှာ ၁၅၁ ယောက် ရှိခဲ့ပါသည်။ အောင်ချက်အနေဖြင့် ၉၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ဂုဏ်ထူးရှင်များမှာ ဘာသာစုံဂုဏ်ထူးရှင် ၁ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်း ၅ဦး၊ ၄ဘာသာ ဂုဏ်ထူးရှင်၁၄ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၆ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၄၄ဦးပေါ်ထွက်ခဲ့ပါသည်။
ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုမှာမြန်မာစာ ၁၀ဦး၊ အင်္ဂလိပ်စာ ၂ဦး၊ သင်္ချာ ၂၃ဦး၊ ဓာတုဗေဒ ၂၈ဦး၊ ရှုပဗေဒ ၃၅ဦး၊ ဇီဝဗေဒ၁၆ဦး၊ ဘောဂဗေဒ ၅၁ဦးရှိခဲ့ပါသည်။ နေသာပညာ ဒါနသင်တန်းမှ ၁၉နှစ်တာ ကာလအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူစုစုပေါင်း ၂၄၅၅ ဦးရှိခဲ့ပြီ ဖြစ်ပါသည်။
(တာဝန်ခံအယ်ဒီတာ)
ဘုန်းကြီးတို့အနေနဲ့လှူဒါန်းတဲ့ပညာအလှူကိုခံယူနိုင်ဖို့ ကျောင်းသားကို ရွေးပါတယ်။ အဲဒီမှာမူ တွေရှိပါတယ်။ရွေးတဲ့အခါမှာ ဝင်ခွင့်တွေဖြေရပါတယ်။ အဌမတန်းတက်မဲ့ကျောင်း သူကျောင်းသား ကို အဌမတန်းသင်တန်းစာ ၂လသင်ပေးတယ်။ နှစ်စဉ် ဧပြီ၊ မေ မှာ သင်ပေးတယ်။ အဲဒီနှစ်လအတွင်းမှာ သင်ပြီးတဲ့သင်ခန်းစာတွေကိုဖြေပြီးတော့ ကျောင်းသားဦးရေ ၁၇၀ကို ရွေးပါတယ်။ဒီနှစ် လာဖြေတဲ့ဦးရေက ၃၈၀ ရှိပါတယ်။ ၃၈၀ထဲက ၁၇၀ဦးကို ရွေးရတာကလည်း ဘုန်းကြီးတို့အနေနဲ့နေရာအခက်အခဲကြောင့် ဖြစ်ပါတယ်။
နဝမတန်းမှာSection A မှာ ကျောင်းသား ၁၅၀၊ Section B မှာ ကျောင်းသား ၇၀ ရွေးပါတယ်။ ဒီမှာလည်း ဝင်ခွင့်ဖြေဆိုရပါတယ်။တက္ကသိုလ်ဝင်တန်းမှာတော့ Section A မှာ ကျောင်းသား ၁၂ဦး၊ SectionB မှာကျောင်းသား ၁၅၀လက်ခံပါတယ်။ကိုယ့်ရဲ့နိုင်တဲ့ဝန်၊ ကိုယ် ပေးနိုင်တဲ့နေရာ အကျယ် အဝန်းအတွင်းမှာ လက်ခံရတာဖြစ်ပါတယ်။
ဒါကတော့ ဘုန်းကြီးတို့လှူတဲ့အလှူကိုဘုန်းကြီးတို့ရဲ့လှူနည်းစနစ်အတိုင်း အလှူခံနိုင်ဖို့ အတွက် လူရွေးချယ်ရခြင်းဖြစ်ပါတယ်။
တစ်နေ့တာအနေနဲ့ ကျောင်းသူကျောင်းသားတွေဟာမနက် ၅း၁၅နာရီမှာ အိပ်ရာထရပါတယ်။ နံနက်ပိုင်းမှာ နာရီဝက် အင်္ဂလိပ်စာဖတ်ရပါတယ်။ ၆း၀၀နာရီမှာသင်ကြားရေးစတင်ပြီး ၈း၃၀မှာ ကျောင်းဆင်းပါတယ်။ ကျောင်းဆင်းပြီးတာနဲ့ သူတို့တစ်တွေ သူတို့ရဲ့အတန်းကျောင်းအ.ထ.ကမှာ ကျောင်းသွားတက်ကြပါတယ်။ ညနေ ၄း၀၀နာရီမှာ သင်ကြားရေးပြန်စပြီး ၆း၀၀နာရီမှာသင်ကြား ရေးပြီးဆုံးပါတယ်။ ညပိုင်းမှာတော့ ၆း၄၅မှာ သင်ကြားရေးပြန်စပြီး ၁၅မိနစ် ဘုရားရှိခိုးရပါတယ်။ပြီးတော့ ၁၅ မိနစ်ဩဝါဒပေးပါတယ်။ ည ၁၁း၀၀နာရီအထိ သင်ခန်းစာတွေကို သင်ကြားပေးပါတယ်။
အဲဒီလိုနည်းနဲ့ ကျောင်းသူကျောင်းသားတွေဖက်ကလည်းကျန်းမာရေးကောင်းအောင် လိုချင် စိတ် လည်းရှိအောင် အဲဒီလိုနည်းနဲ့ပြည့်စုံအားကောင်းအောင်စောင့်ရှောက်နိုင်ဖို့ ဘုန်းကြီးတို့တာဝန် ယူရပါ တယ်။
ဘုန်းကြီးတို့ နေသာပညာဒါနကျောင်းမှာတပည့်လည်းကြိုးစားရပါတယ်။ ဆရာလည်းကြိုးစား ရပါ တယ်။ တက္ကသိုလ်ဝင်တန်း Section B မှာကျောင်းသူကျောင်းသား ၁၅၀ ဦးထားရှိပါတယ်။ သင်ကြားရေးမှာ အဆင်ပြေစေဖို့အတွက် အတန်းထိန်း၂ယောက်ထားရှိပါတယ်။အတန်းထိန်းဆို တာက အလွန်အရေးကြီးပါတယ်။ ဆရာဆရာမတွေရဲ့လိုအပ်ချက်ကို အကောင်အထည်ဖော်ပေးရတယ်။ ဘုန်းကြီးရဲ့မူတွေကိုလိုက်ပြီး အကောင်အထည်ဖော်ပေးရပါတယ်။
တက္ကသိုလ်ဝင်တန်းSection A မှာဆိုရင် ကျောင်းသူကျောင်းသား ၁၆ ယောက်ရှိတဲ့အတွက် အတန်းထိန်းတစ်ယောက်သာထားရှိပါတယ်။ကျောင်းသူကျောင်းသားတွေ ဘာသာစုံလေ့ကျင့်နိုင် အောင် အကူအညီပေးရတယ်။ အဲဒီလိုနည်းနဲ့ဘုန်းကြီးတို့အတန်းထိန်းထားပါတယ်။
ညပိုင်း NightStudy မှာဆိုရင် အရင်တုန်းက ကျောင်းသူကျောင်းသား ၅ယောက်ကို Guide တစ်ယောက် အခုတော့ ၆ယောက်ကို Guide တစ်ယောက်စီမံပေးထားပါတယ်။ အဲဒီ Guide တွေကကျောင်းသူကျောင်းသားတွေရဲ့ တစ်နေ့တာပေးလိုက်တဲ့သင်ခန်းစာကိုပြီးပြတ်အောင်လေ့ ကျင့်ဖို့ရယ်၊ ပေးလိုက်တဲ့အိမ်စာတွေကို စနစ်တကျလုပ်ကိုင်ဖို့ရယ် ထားရှိပေးခြင်းဖြစ်ပါတယ်။
စနစ်တကျဆိုတာက အိမ်စာဆိုတာစာမေးပွဲအငယ်စားတစ်ခုလိုသတ်မှတ်ထားတဲ့အတွက် စနစ်ကျဖို့လိုပါတယ်။ ကျောင်းသူကျောင်းသားတော်တော်များများကဖြစ်သလိုဖြေရှင်းကြတယ် ဘယ်လိုဖြေရှင်းကြသလဲဆိုတော့ အထူးထုတ်စာအုပ်ထဲကနေပြီး အိမ်စာကိုကူးပေးလိုက်တယ်၊တချို့ကျတော့ သူငယ်ချင်းစီက ပြန်ကူးယူလိုက်တယ်။ အဲဒါက အိမ်စာရဲ့ရည်ရွယ်ချက် မပြီးမြောက်တော့ဘူး။
ဆရာဆရာမတွေကသင်ပေးလိုက်တဲ့ သဏ္ဂ္ဌာန်တူတွေကို ဆရာဆရာမပေးလိုက်တဲ့ နည်း ပညာနဲ့ ကိုယ်တိုင်ဖြေရှင်းတတ်ရမယ်၊ဒါဟာအင်မတန်မှကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။
ဒါပေမဲ့အများစုက အဲဒီလိုစနစ်တကျမလေ့ကျင်နိုင်တဲ့အခါမှာတော့မတိုးတက်နိုင်တော့ဘူး၊ ကလေးဆိုတာကတော့ နောင်ခါလာနောင်ခါဈေးလို့ပဲ ထင်တတ်ကြတယ်။ အဲဒီလိုမလုပ်နိုင်အောင်Night Study Guide တွေက စိစစ်ပေးရပါတယ်။ အိမ်စာတွေ၊ တစ်နေ့တာသင်ခန်းစာတစ်နေ့ ကြေညက်ဖို့တွေ၊နောက်တစ်ခါ နေ့ကျောင်းမှာ ဆရာဆရာမတွေသင်ပေးတဲ့ သင်ခန်းစာကိုလိုက်ပြီး ရေး၊ မရေးတွေကိုကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးပါတယ်။ အဲဒီလို ဘုန်းကြီးတို့ကျောင်းမှာ ဆရာဆရာမတွေကလည်းစနစ်တကျသင်ကြားပေးတယ်၊ အတန်းထိန်းတွေကလည်း ဘာသာ ရပ်ဆိုင်ရာလေ့ကျင့်ခန်းတွေ စုံအောင်လုပ်ပေးတယ်။Guide တွေကလည်း စိစိစစ်စစ်ကြပ်မတ် ဆောင်ရွက်တဲ့အခါကျတော့ အောင်ချက်ရလဒ်ကောင်းတဲ့အခါမှာဘယ်လိုခံယူချက်နဲ့ စကားလုံး သုံးပေးခင်သလဲဆိုရင် “အားလုံးကောင်းလို့ ရလဒ်ကောင်းတာပါ”လို့သုံးချင်ပါတယ်။
အားလုံးဆိုတဲ့နေရာမှာ ကျောင်းသူကျောင်းသားတွေရဲ့ မူလတန်းအရွယ်ကဆရာဆရာမ တွေပါမယ်၊ အလယ်တန်းနဲ့ အထက်တန်းကဆရာဆရာမတွေလည်းပါမယ်။ အဲဒီလိုဂုဏ်ပြုထုတ်ဖော်ဥဒါန်းကျူးခင်ပါတယ်။
ဘုန်းကြီးတို့ကျောင်းမှာ သင်ကြားရေးအပြင်၊ ကျောင်းသူကျောင်းသားတွေရဲ့နေရေး၊ စာရေး ကိုပါ သတ်မှတ်ချက်တွေရှိပါတယ်။ ကျောင်းသားတွေကတော့ ဘုန်းကြီးတို့ကျောင်းမှာပဲအိပ်ရ ပါတယ်။ ကျောင်းသူတွေကတော့ ကျောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကအိမ်တွေ၊ ဘော်ဒါဆောင်တွေမှာ နေရပါတယ်။ အစားကတော့ မကျွေးနိုင်ပါဘူးဒကာကြီး ကိုယ့်စားစရိတ်ကိုယ်တာဝန်ယူရပါတယ်။
သင်ကြားရေနဲ့ပတ်သက်ပြီး တစ်ဘာသာကို ဆရာဆရာမ ၂ဦးထားရှိပေးပါတယ်။ဒါပေမဲ့ မြန်မာစာမှာ ၄ဦး၊ အင်္ဂလိပ်စာမှာ ၃ဦး ထားရှိပေးပါတယ်။ ဆရာဆရာမတွေအနေနဲ့ အကြောင်းတစ်စုံတစ်ရာရှိလို့ ပျက်ကွက်ခဲ့ရင် သူသင်ကြားတာဝန်ယူရတဲ့ဘာသာရပ်က ရပ်တန့်မသွားဘူး၊ခွဲဝေသင်ကြားနည်းစနစ်ကို ဆောင်ရွက်ထားတဲ့အတွက် ပုံမှန်လည်ပတ်နေနိုင်တာပါပဲ။
ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ခံစားချက်က သင်ပေးထားတဲ့သင်ခန်းစာကိုတာဝန် ကျေကျေ မဆောင်ရွက်တာရှိရမယ်၊ မသင်ရသေးတဲ့သင်ခန်းစာ နောက်ကျခဲ့ရင် အရမ်းစိတ်ပူတတ်တယ် ဒကာကြီး။
ဘုန်းကြီးတို့ နေသာပညာဒါနကျောင်းမှာတက်ရောက် ပညာသင်ယူကြတဲ့ကျောင်းသူကျောင်း သားတွေက နယ်စုံကလာကြတာများတယ်၊ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေကပါသလို၊ကလေးမြို့ နယ်က ကျောင်းသူကျောင်းသားတွေလည်း အများစုပါတယ်။ ဒီကျောင်းမှာတတ်တဲ့ကျောင်းသူကျောင်းသားအများစုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိလို့ လာတက်ကြတာများပါတယ်။
ဒီကျောင်းရဲ့လေ့ကျင့်ပေးမှုနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းကိုလုပ်နိုင်တယ်။ ဒီစာမေးပွဲကို အောင်မြင်အောင်လည်း ဖြေနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိတဲ့သူတွေများပါတယ်။ ဒီကိုရောက်မလာ ခင် သူ့မြို့၊ သူ့ကျောင်းမှာ ခေတဲ့သူတွေမဟုတ်ဘူး။ အဆင့် ၁မှ ၃၊ ၁ မှ ၁၀ အထိရထားတဲ့ ကျောင်းသူကျောင်းသားတွေသာဖြစ်ပါတယ်။
ဆက်လက်ပြီး ဖြည့်စွက်မိန့်ကြားချင်တာကတော့ “ပညာရည်တိုးတက်မြင့်မားရေး”ဆိုတဲ့ခေါင်း စဉ်နဲ့ ပြောချင်ပါတယ်။ ဘုန်းကြီးအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ဘဝက ဆင်းရဲတဲ့မိသားစုဘဝကဖြတ်သန်း ခဲ့ရတာပါ။ မိခင်ဖခင်တွေဟာ လယ်ပိုင်ယာပိုင်မရှိပါဘူး။ သူရင်းငှားအဖြစ်နဲ့ရပ်တည်ခဲ့ရတာပါ။ဖခင် ဖြစ်တဲ့သူက ပညာရေးကို ဝမ်းသာအဲလဲ သိပ်မတိုက်တွန်းဘူး၊ မိခင်ကတော့ ပညာရေးနဲ့ဘဝကိုရုန်းထွက်ကြ၊ ပညာရေးနဲ့ဘဝကို တည်ဆောက်ကြဆိုပြီး အမြဲပြောတယ်။
ငါတို့နဲ့အတူလာနေလို့ မင်းတို့ဘဝတိုးတက်မှာ မဟုတ်ဘူး။ ပညာရေးနဲ့ဘဝကိုတည်ဆောက ဖို့အမြဲပြောတယ်။ အမေက ပညာရေးကိုအားပေးတယ်။ အမေ့ရဲ့ပညာရေးအဆင့်က သူတို့ခေတ်မှာတက်ခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးမှာ နှစ်တန်းအဆင့်ပဲရှိတယ်။
အမေ့ရဲ့ အားပေးမှုနဲ့ စကားနဲ့ ပညာရေးကိုအားကိုးတကြီးနဲ့သင်ယူခဲ့တယ်။ ဒီလိုနဲ့ ဆရာတွေ ရဲ့ကူညီထောက်ပံ့မှုတွေနဲ့ ကြိုးစားလာခဲ့တာ ယနေ့ဆိုရင်အတိုင်းအတာတစ်ခုအထိ လူသုံးခံရတဲ့နေ ရာတစ်ခုကို ရောက်ရှိလာခဲ့တာပေါ့ ဒကာကြီးရယ်။
ဘုန်းကြီးအနေနဲ့ကျောင်းမှာ ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်တစ်ခုကိုမကြာခဏရွတ်ဆို ခိုင်းတာရှိပါတယ်။ “ပညာသင်တယ်ဆိုတာ ဦးနှောက်ကိုသင်တာ၊ ဦးနှောက်ကို ဘယ်လိုသင်တာလဲ၊ တွေးခေါ်မျှော်မြင် စဉ်းစားတတ်အောင်သင်တာ၊ ဘယ်လိုတွေးခေါ် မျှော်မြင်စဉ်းစားတတ်အောင်သင်တာလဲ၊ အကောင်းအဆိုးအကြောင်းအကျိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်ပြီးတော့ ကိုယ်ပိုင်အသိဉာဏ်နဲ့ ပြုမူပြောဆိုတွေးကြံတတ်အောင်၊ ကံသုံးပါးစလုံးကို ပညာကဦးဆောင်နိုင်အောင်သင်တာပါလို့ကြွေးကြော်ပြီးတော့ သင်တာပါပဲ”။
ဘုန်းကြီးတို့ကျောင်းမှာ ဆရာ၊ ဆရာမတွေနဲ့ အမြဲတမ်းဆွေးနွေးပါတယ်။ပညာသင်ကြားတဲ့ အခါမှာ ကြောင်းကျိုးယုတ္တိနဲ့ အရာရာတိုင်းကို စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အထလေးရအောင်သင်ပေးကြပါလို့ မှာကြားထားပါတယ်။ ပညာရေးနဲ့သင်ရိုးညွှန်းတမ်းတွေက စဉ်းစားတွေးခေါ်တတ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပြောချင်တာကတော့ မေးခွန်းဖြေဆိုနိုင်ရုံလောက်အထိတော့မလုပ်ကြပါနဲ့လို့ပြောထားပါတယ်။ ပညာရေးကို တွေးခေါ်မျှော်မြင်စဉ်းစားတတ်တဲ့ လူသားတွေဖြစ်အောင်သင်ပေးကြပါ။ နောက်တစ်ဆင့် “အလိမ္မာစာမှာရှိ”ဆိုတဲ့ အတိုင်း စာထဲမှာရှိတဲ့အလိမ္မာတွေကိုသိလာအောင်လည်း သင်ပေးကြပါလို့ မှာကြားထားပါတယ်။
ဒီကနေ့ဘုန်းကြီးတို့ကျောင်းမှာလည်းပညာသင်ကြားတဲ့အခါမှာအချိန်ကိုကောက်သင်းကောက်သင်ရသလို၊ အစိုးရကျောင်းတွေမှာလည်း လစဉ်သင်ရိုးမာတိကာကုန်အောင် ကြိုးစား သင်ရတယ်။ သင်ခန်းစာတွေကများတယ်၊ကျောင်းသားတွေရဲ့အရည်အသွေးက “မအောင်မရှိငါ့တပည့်”စနစ်တွေ လုပ်ကတည်းကစပြီးတော့ ပညာရေးကတော်တော်ဇောက်ထိုးဆင်းလာခဲ့တာလေ။
အဲဒီလို အနေအထားတွေနဲ့ ကျောင်းသူကျောင်းသားတွေမှာ အရည်အသွေးကမမီ၊သင်ခန်း စာတွေကများ၊ သတ်မှတ်ထားတဲ့အချိန်ကလေးြ