စနစ်ကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား

မကြာသေးခင်က အခြေခံပညာကျောင်းတွေအောင်စာရင်းထွက်တော့ ကိုးတန်းကျောင်းသူလေးစာမေးပွဲကျလို့တိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုယ်ကို သတင်းဟာစနစ်ပြောင်းလာတဲ့စာမေးပွဲစစ်ဆေးမှုပုံစံသစ်အောက်မှာ တုန်လှုပ်စရာအကောင်းဆုံး သတင်းအဖြစ်နဲ့ လူမူမီဒီယာတွေမှာ ပျံ့နှံ့သွားတာကို တွေ့မြင်ခဲ့ရပါတယ်။

မကြွေသင့်တဲ့ ပန်းကလေးတစ်ပွင့်အချိန်မတန်ခင်ကြွေလင့်ခဲ့ရတာဟာဘယ်သူမှာ တာဝန်ရှိပါ သလဲ။ စနစ်ကြောင့်လား။ ပတ်ဝန်းကြောင့်လား။

စနစ်အကြောင်းပြောရမယ်ဆိုရင်တော့ ပြဌာန်းထားတဲ့သင်ရိုးထဲမှသတ်မှတ်ထားတဲ့စာကို မပြီးပြီးအောင်သင်၊ သင်ထားတဲ့အထဲက ပြန်ရွေးပေးပြီးဒါကျက်၊ ဒါဖြေဆိုပြီးကလေးတွေရဲ့ကြိုးစား အားထုတ်နိုင်တဲ့အစွမ်းကို မြှင့်တင်ပေးရမည့်အစားစနစ်တကျဖျက်ဆီးခဲ့တဲ့ ပညာရေးစနစ်ကနေ၊တစ် မျိုးပြောင်းပြီးစစ်ဆေးလိုက်တဲ့ စာမေးပွဲစနစ်တွင် အစမ်းသပ်ခံသားကောင်တွေဖြစ်ခဲ့ရသည့်ကျောင်း သားလူငယ်တွေ။ စနစ်တကျမရေးထားသည့် သင်ကြားမှုသင်ယူမူ၊ စာမေးပွဲစစ်ဆေးမူတွေကြောင့်ကျောင်းသားလူငယ်မြေစာပင်ဘဝရောက်ရသည်မှာ အခုမှမဟုတ်။ ဆယ်စုနစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတကာတွင် ကျောင်းသားဗဟိုပြိုစနစ်ဖြင့် ကျောင်းသားတွေဖြင့်ကျောင်းသားတွေရဲ့ကိုယ် ပိုင်အရည်အချင်းစွမ်းရည်တွေကို မြှင့်တင်ပေးသည့် သင်ကြားပေးမှုပုံစံကိုကျင့်သုံးနေသည့်အချိန် တွင်၊ ကျွန်မတို့ နိုင်ငံမှာတော့မအောင်မြင်နိုင်သော စာမေးပွဲဗဟိုပြုစနစ်ကိုစမ်းသပ်ပြီးရင် စမ်းသပ်နေ ကြပါတယ်။

ပြဌာန်းစာအုပ်တွင် ပြဌာန်းထားသောစာကိုသာ “ဧ။်” “သည်” မရွေးကျက်ခိုင်းခြင်းသာပညာရေးဆိုပါက စာအုပ်တွေဝယ်ပြီးအိမ်မှာ စာကျက်ခိုင်းဖို့သာ လိုအပ်မည်ဖြစ်သည်။ တကယ်တန်းမှာ ကျောင်းသားတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့သင်ခန်းစာတွေကြားမှာ ဆက်စပ်မရှိအောင် လေ့ကျင့်သင်ကြားပေးပြီး လက်တွေ့သုတေသနပြုတဲ့ ပညာရေးစနစ်မျိုးဖြစ်အောင် ဖော်ဆောင်သင့်လှပါတယ်။ စာမေးပွဲတွေစစ်လိုက်ကျတဲ့သူတွေကို ကုစားဖြေတယ်ဆိုပြီး လုပ်တာတွေဟာတကယ်ပဲ စာ တက်မြောက်တဲ့တွေကိုမွေးထုတ်ပေးတဲ့စနစ်ဟုတ်မဟုတ် စမ်းစစ်သင့်ပါတယ်။

တကယ်တတ်မြောက်ဖို့ဆိုတဲ့နေရာမှာလည်းကျောင်းသားဖြစ်ဖို့စာကျက်ရမယ်။ စာတကယ် ကျက်လျှင်တကယ်တက်မှာပဲဆိုတဲ့ အယူအဆကတော့ နည်းနည်းလွဲချော်သည်ဟုကျွန်မကတော့ယူ ဆပါတယ်။ ကျက်ရုံနဲ့တော့စာကို နားလည်တက်မြောက်ဖို့ မလွယ်ကူပါ။ ဆရာ၊ ဆရာမတွေကတက် အောင်သင်တက်မှသာလျှင် နားလည်အောင်ရှင်းပြပြောနိုင်ဖို့ ဆိုရာဝယ် ဆရာကိုယ်တိုင်ကလည်းမိမိတို့နှင့် သက်ဆိုင်ရာဘာသာရပ်တွေမှာ နှံ့စပ်ကျွမ်းကျင်နေဖို့လည်း လိုအပ်ပါတယ်။ ထို့အပြင်ဆရာ များကိုလွတ်လပ်စွာ သင်ကြားခွင့်ပေးသင့်သည်။ လွတ်လပ်စွာသင်ကြားခွင့်ဆိုရာဝယ် ကျောင်းသားများအတွေးအခေါ်မြင့်လာစေရန် ဆရာတစ်ယောက်၏ အတွေ့အကြုံဗဟုသုတတွေနှင့် ကျောင်းသင် ခန်းစာများကိုလွတ်လပ်စွာ ပြန်လည်သင်ပြပို့ချနိုင်ခြင်းပင်ဖြစ်သည်။

နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ပါပဲ။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာအဓိကတော့ အတူနေ မိသားစုတွေဖြစ်တဲ့ မိဘတွေပါ။ ကျောင်းသားတစ်ယောက် စာမေးပွဲကျတာဟာဘဝ တစ်ခုပျက်စီးသွားတာ မဟုတ်ပါဘူး။ ဒါကို အတူနေမိသားစုတွေအနေနဲ့ နားလည်ပေးဖို့လိုအပ်ပါတယ်။ စာမေးပွဲကျသွားလို့ဆိုပြီး အပြစ်တင်ဆူပူနေမယ့်အစား၊ စိတ်ဓာတ်မကျအောင်အားပေးသင့်ပါတယ်။

ကျောင်းသင်ခန်းစာများကို လိုက်နိုင်ရဲ့လား၊ လိုအပ်ချက်ဘာတွေရှိနေလဲ၊ဘယ်ဘာသာရပ် တွေမှာ အားနည်းနေလဲထို့အပြင် ကလေးတွေကို စာဖတ်ချိန် စနစ်တကျ တိတိကျကျရှိအောင်ထား ပေးသင့်ပါတယ်။

ကျောင်းထားပေးရုံ၊ ကျူရှင်တွေအပ်ပေးရုံနှင့် မလုံလောက်မိဘတွေကိုယ်တိုင်က နွေးနွေး ထွေးထွေးဂရုစိုက်ဖို့လိုအပ်သည်။ သို့သော်အများစုသော မိဘများသည်မိမိတို့သားသမီးတွေကို ဖြစ် စေချင်၊ တော်စေတက်စေချင်လွန်းသောစိတ်အားကြီးကာ မိမိတို့မျှော်လင့်သည့်အတိုင်းဖြစ်မလာ သည်အခါက ကရုဏာဒေါသနှင့် အပြစ်တင်ဝေဖန်မိသည့်အတွက်ဆောင်ပါးအစတွင် ဖော်ပြထားသည်နဝမတန်းကျောင်းသူလေးကဲ့သို့သော ပြဿနာများပေါ်ပေါက်လာရခြင်းဖြစ်သည်။ အသုံးချခံစနစ် ကြောင့်ဖြစ်စေ၊ပတ်ဝန်းကျင်ရဲ့ အယူအဆမှားတွေကြောင့်ဖြစ်စေ ကျောင်းသားလူငယ်လေးများရဲ့ ဘဝတွေကို မနစ်မွန်းစေချင်ပါ။ထို့ကြောင့်စနစ်ကောင်းတွေလဲပေါ်လာပါစေ၊ ပတ်ဝန်းကျင်ကောင်း တွေလည်း အများကြီးရှိလာပါစေလို့ဆန္ဒပြုရေးသားလိုက်ရပါတယ်။

လေပြည်