လူတိုင်းအကျူံးဝင်ပညာရေး၊ တန်းတူညီမျှမှု၊ ပညာရေး အရည်အသွေးနှင့် စဉ်ဆက်မပြတ်သင်ယူမှု အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ပညာရေးဝန်ကြီးပြောကြား
မြန်မာနိုင်ငံတွင်လူတိုင်းအကျူံးဝင်ပညာရေး၊ တန်းတူညီမျှမှု၊ ပညာရေး အရည်အသွေးနှင့် စဉ်
ဆက်မပြတ်သင်ယူမှု အခွင့်အလမ်းများဖန်တီးပေးမည်ဟု ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဒေါက်တာခင်စန်းရီက၂၀၁၅ကမ္ဘာ့ပညာရေးဖိုရမ်တွင် အခိုင်အမာပြောကြားသည်။
၂၀၁၅ကမ္ဘာ့ပညာရေးဖိုရမ်တွင် ပညာရေးဝန်ကြီးသည်ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အောင်
မြင်သော မြန်မာနိုင်ငံ၏နည်းဗျူဟာများနှင့်အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်နေမှုများ
ကို နိုင်ငံတကာ အသိုင်းအဝိုင်းသို့တင်ပြခဲ့ကြောင်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ
အဖွဲ့အစည်း(UNESCO)က သတင်းထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် မေလ၁၉မှ ၂၂ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ပညာ
ရေုးဖိုရမ်သို့ ဒေါက်တာဒေါ်ခင်စန်းရီအပါအဝင်နိုင်ငံတကာမှဝန်ကြီး၁၂၀ဦးနှင့် နိုင်ငံပေါင်း၁၆၀မှ ပညာ
ရေးခေါင်းဆောင် ၁၅၀၀ကျော်တက်ရောက်ခဲ့သည်။
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်မှုလုပ်ငန်း(CESR)ကိုရည်ညွှန်း၍ မြန်
မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများကို ပညာရေးဝန်ကြီးကမျှဝေခဲ့ကြောင်း UNE-
SCO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပညာရေးဝန်ကြီးသည် ပညာရေးအသုံးစရိတ် နှစ်စဉ်တိုးမြှင့်အသုံးပြုနေမှု၊ အဖွဲ့အစည်းဆိုင်ရာ
ပြန်လည်တည်ဆောက်နေမှုနှင့်သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲနေမှုများကိုနိုင်ငံတကာပညာရေး
အဖွဲ့အစည်းများအားရှင်းပြခဲ့သည်။
ပညာရေးဝန်ကြီးဌာနသည်နိုင်ငံတော်၏ပညာရေးမူဝါဒများ၊သုတေသနတွေ့ရှိချက် အထောက်
အထားများနှင့် ပညာရေးရည်မှန်းချက်များကိုအခြေခံ၍မြန်မာနိုင်ငံအမျိုးသားပညာရေး ငါးနှစ်စီမံကိန်း
(NESP)ကို ရေးဆွဲလျှက်ရှိသည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂ၊ သြစ
တျေးလျ၊ ဂျပန်၊ ယူနက်စကို၊ယူနီဆက်၊ ဗြိတိန်၊ ကမ္ဘာ့ဘဏ်စသည့် နိုင်ငံတကာမှအဖွဲ့အစည်းပေါင်းစုံ
က ဘက်စုံလွှမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းတွင် နည်းပညာနှင့် ငွေကြေး
အကူညီများ ထောက်ပံ့နေကြသည်။