တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ပြုမည့် Myanmar Development Institute ကိုတည်ထောင်မည်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ပြုမည့် Myanmar Development Institute ကိုတည်ထောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေးပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

အဆိုပါ Myanmar Development Institute ကိုဖွင့်လှစ်နိုင်ရန်အတွက် နေပြည်တော်တွင် နေရာများ လျာထားပြီးသွားပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်ထွန်းသက်က “MDI ကိုဖွဲ့စည်းနိုင်ဖို့အတွက် နှစ်ဦးပိုင်းကတည်းက နိုင်ငံတော်သမ္မ တကြီးနဲ့ ကိုရီးယားနိုင်ငံက လူကြီးတွေနဲ့ နေပြည်တော်မှာ အခမ်းအနားတွေ လုပ်ခဲ့ပါတယ်။ အဓိကက တော့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ဖို့ပါ။ အဲဒီမှာ ကဏ္ဍအားလုံးပါမှာပါ။ အထူးသဖြင့် တော့ ဝိုင်းစဉ်းစားပြီး ခိုင်မာတဲ့သုတေသနတွေကို လုပ်ဆောင်ပြီး ပေါ်လစီတွေချမှတ်မှာပါ။ အဲဒီမှာ ပြည်တွင်းပြည်ပ သုတေသီတွေ ပါဝင်သွားမှာပါ” ဟုပြောသည်။

ကိုရီးယားနိုင်ငံတွင် ဖွဲ့စည်းထားသည့် Korea Development Institute နှင့်ပုံစံတူ အကြံပေးအဖွဲ့ဖြစ် ကြောင်းသိရသည်။

ဒေါက်တာအောင်ထွန်းသက်က “အခုကြိုတင်ပြင်ဆင်ရေးအဖွဲ့ကိုလဲ ဖွဲ့စည်းပြီးသွားပါပြီ။ သုတေသန ပညာရှင်တွေလွှတ်ဖို့လဲ ရွေးနေပါပြီ။ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ နောက် ဒီ Institute ကနေပြီး မဟာဘွဲ့သင်တန်းတွေကိုလဲ ဖွင့်လှစ်သွားမှာပါ” ဟု ပြောသည်။

အဆိုပါ institute တည်ထောင်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံမှကူညီပေးထားခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းကဲ့သို့ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင် နိုင်သိန်း၊ နိုင်ငံတော်သမ္မတအကြံပေးများဖြစ်သည့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ ဇော်ဦး၊ ဒေါက်တာတင်မောင်သန်းတို့ ပါဝင်သည့်အဖွဲ့သည် ယခုလဆန်းပိုင်းအတွင်းက ကိုရီးယားနိုင် ငံရှိ Korea Development Institute သို့သွားရောက်ပြီး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရ သည်။

Democracy Today Daily

ဇူလိုင်လ (၁) ရက်၊ ၂၀၁၅ ခုနှစ်