Yale Young Global Scholars Program

ပညာသင်ဆုတွင် ကျောင်းလခ၊ လေယာဉ်စရိတ်၊ ခရီးသွားစရိတ်များအားလုံး ပါဝင်ပြီးဖြစ် သည်။ ၂၀၁၅ ခုနှစ် နွေရာသီတွင် နယူးဟေဗင်မြို့ရှိ ရေးလ်တက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ် သည်။ အထက်တန်းပြီးမြောက်ရန် စာသင်နှစ်တစ်နှစ် သို့မဟုတ် နှစ်နှစ်ကျန်ရှိနေသေးသော ကျောင်း သားများ လျှောက်ထားနိုင်သည်။ နှစ်ပတ်တာကြာမြင့်မည့် sessions သုံးခု ပါဝင်မည်ဖြစ်သည်။ ရေးလ် တက္ကသိုလ်မှ အသိအမှတ်ပြုခံထားရသော ကထိကများမှ ပညာရေးအတွေ့အကြုံများကို ရရှိနိုင်မည် ဖြစ်သည်။ သမားရိုးကျမဟုတ်သော ဆန်းသစ်သည့် ပရော်ဖက်ရှင်နယ်လေ့ကျင့်ပေးသူများနှင့်လည်း တွေ့ဆုံရမည်ဖြစ်သည်။ လျှောက်ထားမှုအား ပြိုင်ဆိုင်၍ အရွေးခံရမည်ဖြစ်သည်။ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင် သည်။ http://globalscholars.yale.edu/ တွင် လျှောက်ထားပါ။ ပညာသင်ဆု အပြည့်လျှောက်ထား နိုင်ရန်အတွက် လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေသောသူ ဖြစ်ရမည်။ လျှောက်ထားသူ၏ ကျောင်းသင်ရိုးအများစုသည် မြန်မာနိုင်ငံတွင် သင်ကြားထားသူဖြစ်ရမည်။ အွန်လိုင်းလျှောက်လွှာပုံစံအား ပြီးပြည့်စုံအောင်ဖြည့်၍ ငွေကြေးထောက်ပံ့မှုကဏ္ဍကိုပါ ဖြည့်စွက်ထားရမည်။ နောက်ဆုံးလျှောက်ထားရမည့် ရက်စွဲမှာ ၂၆.၂.၂၀၁၅ ရက်နေ့ဖြစ်သည်။ Yale Young Global Scholars Program သည် နွေရာသီတွင် ရေးလ်တက္ကသိုလ်ဝင်းအတွင်း လာရောက်ပညာသင်ကြားလိုသော နိုင်ငံအဝန်းမှ ထူးချွန်သော အထက်တန်းကျောင်းသားများ အား ပညာဗဟုသုတ ပိုမိုတိုးပွားစေရန်နှင့် ခေါင်းဆောင်မှုစွမ်းရည်ကို လေ့ကျင့်ပေးသည့် ပရိုဂရမ် ဖြစ် သည်။ သင်ရိုးညွှန်းတမ်းများဖြစ်သည်။ သင်ရိုးညွှန်းတမ်းများမှာ ဘွဲ့ကြိုအဆင့်ဖြစ်၍ သမိုင်း၊ နိုင်ငံရေး၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များ၊ အများပြည်သူ ကျန်းမာရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးသိပ္ပ္ပံဘာသာရပ်များအား သင်ကြားရမည် ဖြစ်သည်။ sessionas သုံးခု ခွဲပေးထား၍ ကြိုက်နှစ်သက်ရာ session တစ်ခုကို ရွေးချယ်လျှောက်ထားရ မည်ဖြစ်သည်။ ၁။ Politics, Law and Economics (PLE)- ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၆ ရက်နေ့အထိ)၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးနှင့် ဥပဒေထုံးတမ်းစဉ်လာများကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်သည်။၂။ International Affairs and Security (IAS)- ဇူလိုင် ၉ ရက်နေ့မှ ဇူလိုင် ၂၂ ရက်နေ့ အထိ၊ သမိုင်းနှင့် ခေတ်ပြိုင်နိုင်ငံတကာရေးရာများမှ သင်ခန်းစာများ ထုတ်နှုတ်သွားမည် ဖြစ် သည်။ ၃။ Science, Policy, and Innovation (SPI)- ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၇ ရက်နေ့ အထိ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တို့ကို နည်းစုံလမ်းစုံမှ ချဉ်းကပ်စဉ်းစားလေ့လာသွားမည် ဖြစ်သည်။ မနှစ်က နွေရာသီတွင် ပါဝင်ခဲ့သည့် စကော်လာကျောင်းသားများ၏ ၄၈ရာခိုင်နှုန်း သည် အမေရိကန်နိုင်ငံပြင်ပမှ အခြားနိုင်ငံပေါင်း ၈၀ ကို ကိုယ်စားပြုလာရောက်ခဲ့သော ကျောင်း သားများဖြစ်သည်။ ပါဝင်သူများသည် စာသင်ခန်းအတွင်း အမြင်မျိုးစုံကို ဖော်ဆောင်ပေးပြီး နိုင်ငံတ ကာရေးရာများ ကို လေ့လာမှု အားကောင်းသော ပညာရေးသင်ရိုးကို မြှင့်တင်စေရမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက globalscholars. yale.edu တွင် ကြည့်ရှုနိုင်ပါသည်။